သဘာဝမြေဩဇာထုတ်လုပ်နိုင်ရေး ရုရှားပညာရှင်(၃)ဦး ကျောက်ဆည်မြို့နယ် တောတွင်ကျေးရွာ ဥစားမွေးမြူရေးကြက်ခြံသို့ ကြည့်ရှုလေ့လာ

ကျောက်ဆည် ဇူလိုင် ၂၈

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့် ရှရှားနိုင်ငံတို့ ပူးပေါင်းပြီး သဘာဝမြေဩဇာ ထုတ်လုပ်နိုင်ရေး ရုရှားနိုင်ငံမှ ပညာရှင်(၃)ဦးသည် သဘာဝမြေဩဇာထုတ်လုပ်နိုင်ရေး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးနိုင်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ နေ့လည်(၁၂)နာရီက ကျောက်ဆည်မြို့နယ် တောတွင်ကျေးရွာ မန္တလေး မွေးမြူရေးဖွံ့ဖြိုးတိုးတက်မှုကုမ္ပဏီ ပိုင်ဆိုင်သည့် ဥစားကြက်မွေးမြူရေးခြံသို့ ကြည်ရှုလေ့လာခဲ့ရာ မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကြည်စော၊ ကျောက်ဆည်ခရိုင် အထွထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူးဦးငွေဒိုး၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးဝင်းမြင့်နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်မင်း၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြတ်စုအောင်နှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများက ကြိုဆိုခဲ့ပြီး ရုရှားပညာရှင်များသိရှိလိုသည့် အကြောင်းအရာများကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မန္တလေးမွေးမြူရေးဖွံ့ဖြိုးတိုးတက်မှုကုမ္ပဏီရုံးချုပ်မှ မန်နေဂျာဒေါ်ဟေမာန်က ဥစားကြက် မွေးမြူရေးခြံ၏ မြေပိုင်ဆိုင်မှုများနှင့် မြေအကျယ်အဝန်းများ၊ ဥစားကြက်များမွေးမြူးထားသည့် အလုံပိတ် အလိုအလျောက် အအေးပေးစနစ်များနှင့် လျှပ်စီးမီးသုံးစွဲမှု အခြေအနေများ၊ ကြက်စာစက်ရုံနှင့် ကုန်ကြမ်း သိုလှောင်ရုံ ဆောက်လုပ်ထားရှိပြီး ကြက်စာထုတ်လုပ်မှုများ၊ ကြက်ခြံမှ ထွက်ရှိလာသော ကြက်ချေးများအား သန့်စင်မှုနှင့်ပြန်လည်အသုံးပြုပုံများ အကြောင်းရှင်းလင်း ပြောကြားခဲ့ပြီး ခရိုင်မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဒေါက်တာသိန်းမင်းက ကျောက်ဆည်ခရိုင်အတွင်းရှိ တိရိစ္ဆာန်မွေးမြူရေးခြံများ အကြောင်းနှင့် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင် ဦးစီးမှူးဦးချစ်ဆွေဦးက ခရိုင်အတွင်းစိုက်ပျိုးထားရှိသော သီးနှံအမျိုးအစားများနှင့် စိုက်ဧကများ အကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ကြက်ချေးမှ သဘာဝမြေဩဇာထုတ်လုပ်ရန်အတွက် လာရောက်လေ့လာသည့်  ရုရှား ပညာရှင်များသည် မန္တလေးမွေးမြူရေး ဖွံ့ဖြိုးတိုးတက်မှုကုမ္ပဏီမှ မွေးမြူထားသည့် ဥစားကြက် အကောင်ရေ (၂)သောင်း ဆန့် ကြက်မွေးမြူရေးရုံ (၂)ရုံနှင့် ဥစားကြက်အကောင်ရေ(၃)သောင်းဆန့် ကြက်မွေးမြူရေးရုံ (၁)ရုံ စုစုပေါင်း ကြက်မွေးမြူရေးရုံ(၃)ရုံမှ ထွက်ရှိလာသော ကြက်ချေးထွက်ရှိ သန့်စင်မှု အခြေအနေများကို ကြည့်ရှုလေ့လာခဲ့ပြီး ရုရှားပညာရှင်များသည် သဘာဝမြေဩဇာ ကုန်ကြမ်းရရှိရေး ပြင်ဦးလွင်မြို့နယ် မြိုင်ကြီး ကျေးရွာရှိ ရွှေကောင်းကင်ကြက်ခြံသို့ ဆက်လက် ထွက်ခွာသွားကြောင်း သိရသည်။       

သက်မောင်(ကျောက်ဆည်)