ရေကြည်မြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၁)လုံးသစ်ပင်ပိ၍ ပြိုကျပျက်စီး

ရေကြည် ဇူလိုင် ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်တွင် ယမန်နေ့ ညနေ (၃)နာရီခွဲအချိန်ခန့်က မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်း တိုက်ခတ်မှုကြောင့် ဗထူးရပ်ကွက်အတွင်းရှိ နေအိမ် (၁)လုံးသစ်ပင်ပိ၍ ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် လူနေအိမ်(၁)လုံးရှိ လေဘေးသင့် မိသားစုများအား ယာယီနေထိုင်နိုင်ရေး၊ အမြန်ဆုံး ပြုပြင်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့နှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများက လိုအပ်သည်များကို ကူညီ ဆောင်ရွက်ပေးလျက်ရှိပြီး လူနှင့် တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရမှု မရှိကြောင်း ဘေးသင့် အိမ်ထောင်စုဝင်များအား နီးစပ်ရာ မိသားစုဆွေမျိုး သားချင်းများထံ ပြောင်းရွှေ့ထားကြောင်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများမှ စာဝတ်နေရေးအတွက် လိုအပ်သည်များကို ထောက်ပံ့ထားရှိကြောင်း သတင်းရရှိသည်။

မြို့နယ် (ပြန်/ဆက်)