ဟိုပန် ဇူလိုင် ၂၈
"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်၊ နောင်မိုကျေးရွာရှိ ကွင်းအမှတ် (၄)၊ဦးပိုင်(၉၃) တောင်သူ ဉီးဆန်အိုက် လယ်မြေတစ်ဧကတွင် ယနေ့နံနက်ပိုင်းက ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါး မှော်ဘီ ကောက်ညှင်းမွှေး(FS-RS)မျိုးစေ့ထုတ်စတင်စိုက်ပျိုးခဲ့သည်။
အဆိုပါ မှော်ဘီကောက်ညှင်းမွှေးမျိုး(FS)မျိုးစေ့ ကို နေပြည်တော်၊ စိုက်ပျိုးရေး သုတေသန ဉီးစီးဌာနမှ မှာယူစိုက်ပျိုးပြီး စိုက်ပျိုးရာတွင် ဟိုပန်ခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးလှမိုးကျော်၊ မြို့နယ်ဦးစီးမှူး ဦးချိုလေးနှင့် ဝန်ထမ်းများက စိုက်ပျိုးနည်းစနစ်မှန်ကန်မှု ရှိစေရေးအတွက် ဒေသခံများနှင့်အတူ အနီးကပ်ကြီးကြပ် ကူညီဆောင်ရွက်ပေးခဲ့ကြသည်။
ယနေ့ စိုက်ပျိုးခဲ့သည့် မှော်ဘီကောက်ညှင်းမျိုး(FS)မျိုးစေ့အား စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသခံတောင်သူများ အရည်အသွေးကောင်းမွန်သော ကောက်ညှင်းမျိုးများပြန့်ပွားလာစေရန်နှင့် အဆိုပါကောက်ညှင်းမျိုးအား ဈေးနှုန်းချိုသာစွာဖြင့် ရရှိစိုက်ပျိုးနိုင်စေရန်၊ လာမည့်နှစ် မိုးရာသီတွင် အရည်အသွေးကောင်းသည့် မှော်ဘီကောက်ညှင်းမျိုးပြန့်ပွားကာ မျိုးပြန် လည်ဖြန့်ဖြူး သွားနိုင်စေရန် ရည်ရွယ်စိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်းနှင့် ယခင်နှစ်တွင် တစ်ဧကသာ စိုက်ပျိုးခဲ့ရာမှ ယခုနှစ်တွင် (၁၉)ဧက တိုးချဲ့စိုက်ပျိုးသွားမည်ဖြစ်သည်။
ဟိုပန်မြို့နယ်တွင် ယခုနှစ်မိုးရာသီကာလ၌ မိုးစပါး မှော်ဘီကောက်ညှင်းမွှေးမျိုးစပါးအပြင် မျိုးကွဲများဖြစ်သည့် ၅၀၂၊ ၈၈၁ နှင့် ဆင်းဧကရီ-၃ စသည့် မိုးစပါးများကိုပါ စိုက်ပျိုးလျက်ရှိပြီး ၂၀၂၃-၂၀၂၄ ခုနှစ်တွင် မိုးစပါးစိုက်ပျိုးရန် လျာထားဧကမှာ(၉၄၅၆)ရှိကာ ယနေ့အထိ (၈၅၃၀)ဧက စိုက်ပျိုးထားပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဌာနမှ သိရသည်။
ဇင်ဇင်(ပြန်/ဆက်)