ငွေဆောင်မြို့တွင် ဌာနဆိုင်ရာများ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲကျင်းပ

ငွေဆောင် ဇူလိုင် ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ မဟာပုညာရာမကျောင်းတိုက်တွင် ယမန်နေ့ ညနေ(၄)နာရီက မြို့ဌာနဆိုင်ရာများ စုပေါင်း၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ  အားမြို့အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်၏ ဦးဆောင်မှုဖြင့် မြို့အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ အမှတ်(၃) ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ စုပေါင်း ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ရှေးဉီးစွာ နမောတဿ ( ၃) ကြိမ် ရွတ်ဆိုပူဇော်ပြီး မဟာပုညာရာမကျောင်းတိုက်၊ ခန်းနေဥူးပဇင်း အရှင်ဣဿရိယထံမှ ငါးပါးသီလခံယူ ဆောက်တည်ခဲ့ကြသည်။ အရှင်ဣဿရိယမှ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းရခြင်း၏ အကျိုး တရားတော်အား ဟောကြားခဲ့သည်။ တရားနာယူအပြီးတွင် မြို့အုပ်ချုပ် ရေးမှူး ဦးသိန်းဇော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက်လှူဖွယ်ဝတ္ထု အစုစုတို့အား ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး ငွေဆောင်မြို့ဌာန ဆိုင်ရာများ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အောင်မြင်စွာ ပြီးမြောက်ခဲ့ ကြောင်း သတင်းရရှိသည်။

R – 014( ငွေဆောင်)