သတင်းများ

ပေါင်မြို့နယ်တွင် ဝါဆိုမည့် သံဃာတော်များအား ဝါဆိုသင်္ကန်း ကပ်လှူပူဇော်ခြင်းနှင့် စုပေါင်းသန့်ရှင်းရေးပြုလုပ်ဆောင်ရွက်
Jul 30,2023
မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း (၃၂၈) ကျောင်းတွင် ဝါဆိုဝါကပ် တော်မူမည့် သံဃာတော်များ စိတ်အေးချမ်းသာစွာ သီတင်းသုံးနေထိုင်နိုင်ရေးအတွက် ဝါဆို သင်္ကန်းကပ်လှူခြင်းနှင့် ကျောင်းတိုက်များအတွင်း စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများကို မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဇူလိုင်လ (၂၇) ရက်နေ့မှ (၃၁)ရက်နေ့အထိ မြို့နယ် အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများအရောက် သွားရောက်ဆောင်ရွက်ခဲ့ကြသည်။
မအီမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်
Jul 30,2023
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု မရှိစေရေးအတွက် မအီမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စီစဉ်ဆောင်ရွက်ပြီး ကျေးလက်ကျန်းမာရေးဌာနဝန်ထမ်းများ၊ မြို့စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ မအီနယ်မြေမီးသတ်စခန်းမှ ဝန်ထမ်းများ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများလိုက်ပါ၍ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက မအီမြို့၊ အမှတ်(၁)ရပ်ကွက်၊ (၃)ရပ်ကွက် အတွင်း၌ အိမ်ထောင်စုများသို့ တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကသာမြို့ ဝါဆိုဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Jul 30,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် သန့်ရှင်းသာယာလှပရေးအတွက် အပတ်စဉ် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းကို ဝါဆို ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ယမန်နေ့ နံနက် ၈ နာရီ အချိန်က ဆောင်ရွက်ပေးခဲ့ကြသည်။
ပဲခူးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းမိသားစုများ၏ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကျင်းပ
Jul 30,2023
ပဲခူးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းမိသားစုများ၏ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ ဥဿာသီရိစာသင် ကျောင်းတိုက်၊ ဝိမလရတနာသီရိဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။
စစ်တွေမြို့နယ်တွင် ဌာဆိုင်ရာများက ပြန်လည်ထူထောင်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းဆောင်ရွက်
Jul 30,2023
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တွင် ဌာနဆိုင်ရာများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)တိုက်ခတ်ပြီးနောက် ပြန်လည်ထူထောင်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဆေးသမားကြီးကျေးရွာနှင့် ခေါင်းဒုက္ကာကျေးရွာများသို့ ကွင်းဆင်းကာ ကျေးရွာသူ၊ကျေးရွာသားများနှင့် တွေ့ဆုံကြသည်။
မြစ်သားမြို့နယ်အတွင်း အခြေခံပညာအထက်တန်းကျောင်း၌ ဆရာတော်/သံဃာတော်များအား စုပေါင်း ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပူဇော်ပွဲကျင်းပ
Jul 30,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း၌ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ စုပေါင်း၍ ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပူဇော်ပွဲကို ယမန်နေ့နံနက်(၈)နာရီအချိန်က (အ.ထ.က)မြစ်သား ကျန်စစ်သားအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ မဟာဇောတိကာရာမကျောင်းတိုက် နှင့်ရန်ကင်းကျောင်းတိုက် ဆရာတော်ကြီးများထံ ဝါဆိုသင်္ကန်း၊ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း
Jul 30,2023
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ မဟာဇောတိကာရာမကျောင်းကြီးသို့ ရောက်ရှိရာ ဘဒ္ဒန္တ ဝိဇ္ဇေဓရ ဆရာတော်ကြီးနှင့် ပင့်သဃာဆရာတော်များထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြပြီး သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ကြသည်။
မအီမြို့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစု စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲ ကျင်းပ
Jul 30,2023
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစု စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်း အနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါ ဦးစီး ဌာနရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။