တိုက်ကြီးမြို့နယ်တွင် မိုးသက်လေပြင်းများတိုက်ခတ်မှုကြောင့် သစ်ပင်များလဲပြိုမှုဖြစ်ပွား      

တိုက်ကြီး      ဇူလိုင်       ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်း ယမန်နေ့ မွန်းလွဲပိုင်းက မိုးသက်လေပြင်းများ ိုက်ခတ်မှုကြောင့် သစ်ပင်များလဲပြိုမှု ဖြစ်ပွားကြောင်းသိရသည်။

ထိုသို့မိုးသက်လေပြင်းများတိုက်ခတ်မှုကြောင့် တိုက်ကြီးမြို့နယ်အတွင်းရှိ ရှမ်းစုရပ်ကွက် ဗိုလ်ချုပ်လမ်းမပေါ်တွင် လုံးပတ် ၂ ပေခွဲခန့် အမြင့် ၃၀ ပေခန့်ရှိ ပျဥ်းကတိုးပင် ၁ ပင် လဲပြိုခြင်းကြောင့် လမ်းပိတ်ဆို့မှုများဖြစ်ပွားခဲ့ရာ တိုက်ကြီးမြို့နယ် မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဥ် ၁ စီးနှင့်အတူ သွားရောက်ခုတ်ထွင် ဖယ်ရှားရှင်းလင်းသည်။

အဆိုပါ မိုးသက်လေပြင်းများ တိုက်ခတ်၍ သစ်ပင်များလဲပြိုမှုဖြစ်စဥ်ကြောင့် လူနှင့်တိရိစ္ဆာန် ထိခိုက်မှုတစ်စုံတစ်ရာမရှိကြောင်း သိရသည်။    

စန်းကလျာခိုင် ( ပြန် / ဆက် )