သတင်းများ

စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးစွမ်းအား မြှင့်တင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jul 29,2023
စစ်ကိုင်းတိုင်းဒေသကြီး၏ စိုက်ပျိုးစွမ်းအား မြှင့်တင်ရေး၊ သီးနှံများပန်းတိုင်အထွက် နှုန်း ရရှိရေး၊ လှပ်မြေမကျန် စိုက်ပျိုးရေးနှင့် သီးထပ်စွမ်းအားတိုးမြှင့်ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယမန်နေ့နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိုးရေး ဦးစီးဌာန၊ တိုင်းဒေသကြီး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းမှ Zoom Meeting ဖြင့် တက်ရောက် အမှာစကားပြော ကြားသည်။
ချောက်ခရိုင်သန်း​ခေါင်စာရင်း​ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအ​ဝေးအမှတ် စဥ်(၁/၂၀၂၃) ကျင်းပ
Jul 29,2023
မ​ကွေးတိုင်း​ဒေသကြီး၊​ ချောက်ခရိုင်၊​ ချောက်မြို့နယ်၌ယမန်​နေ့မွန်းလွဲ၁နာရီအချိန်ကခရိုင်သန်း​ခေါင်စာရင်း​ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအ​ဝေးအမှတ်စဥ် (၁/၂၀၂၃)ကို မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန၊ အစည်းအ​ဝေးခန်းမ၌ ကျင်းပခဲ့သည်။
ပေါင်းတည် မျိုးသန့်ခြံ၌ ကောက်စိုက်စက်ဖြင့် မိုးစပါး မျိုးစေ့ထုတ် စိုက်ပျိုးပြသခြင်း ကွင်းသရုပ်ပြပွဲကျင်းပ
Jul 29,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးနှင့် စပါးစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက်ကောက်စိုက်စက်ဖြင့် မိုးစပါး မျိုးစေ့ထုတ် စိုက်ပျိုးပြသခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့နံနက် ၉နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပေါင်းတည် ​မျိုးသန့်ခြံတွင် ကျင်းပပြုလုပ်သည်။   
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ပန်းခင်းစီမံချက် (၂)ဖြင့် ကွင်းဆင်းဆောင်ရွက်ပေး
Jul 29,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ " ဆောင်ပုဒ်နှင့်အညီ ပန်းခင်း(၂)စီမံချက်ဖြင့် မြို့နယ်အတွင်းရှိ (၃၅) ရပ်ကွက်နှင့် (၄၉) ရပ်ကွက်တို့တွင် ရပ်ကွက်နေပြည်သူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ်၌ အဆုတ်၊ ရင်ခေါင်းနှင့်ပတ်သက်သော ရောဂါရှိ၊ မရှိ Digital CXR ဖြင့် အခမဲ့ရှာဖွေ စစ်ဆေးခြင်းများဆောင်ရွက်ပေး
Jul 29,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် မြန်မာနိုင်ငံဆရာဝန် အသင်း အဆုတ်၊ ရင်ခေါင်းနှင့်ပတ်သက်သော ရောဂါရှာဖွေရေးအဖွဲ့နှင့် မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍  ယမန်နေ့ နံနက် ၉ နာရီအချိန်က တောင်ဥက္ကလာပမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ သီရိရတနာခန်းမ၌ အဆုတ်၊ ရင်ခေါင်းနှင့် ပတ်သက်သော ရောဂါရှိ၊ မရှိ Digital CXR ဖြင့် အခမဲ့ရှာဖွေစစ်ဆေးခြင်းများ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
တနိုင်းမြို့၌ မြို့နယ်လုံးဆိုင်ရာစုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ
Jul 29,2023
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့တွင် ယမန်နေ့နံနက် (၁၀)နာရီက မြို့နယ်လုံးဆိုင်ရာ (၃၂)ကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ဇေယျာသီရိဘုန်း​တော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရခိုင်ပြည်နယ်၊ ရသေ့တောင် မြို့ပေါ်  ရပ်ကွက်များနှင့်စာသင်ကျောင်းများတွင်သွေးလွန်တုပ် ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများ ဆောင်ရွက်
Jul 29,2023
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင် မြို့တွင် မြို့နယ်ကျန်းမာရေးဌာနနှင့် ဌာနဆိုင်ရာအဖွဲ့စည်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ပြည်သူ လူထုများပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များ၊ ဌာနဆိုင်ရာရုံးများ၊ စာသင်ကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေး လုပ်ငန်းများကို ယနေ့နံနက်ပိုင်းကဆောင်ရွက်ကြသည်။
ဥတ္တရသီရိမြို့နယ်၌ ယာဉ်စည်းကမ်းလမ်းစည်းကမ်းအန္တရာယ် အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်
Jul 29,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ် အသိပညာပေးခြင်းလုပ်ငန်းဆောင်ရွက်မှုကို ယမန် နေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများတွင် ပြုလုပ်ခဲ့ကြကြောင်း သိရသည်။