သတင်းများ

 ကေ့ာကရိတ်မြို့၌အသေးစား၊ အလတ်စား၊ အငယ်စား စက်မှုလက်မှုလုပ်ငန်းများ ထွန်းကားလာရေး အသိပညာပေး နံရံကပ်စာစောင်ပြသ
Jul 29,2023
အသေးစားစက်မှုလက်မှုလုပ်ငန်းများ ထွန်းကားလာခြင်းဖြင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရေး ရည်ရွယ်၍ (MSME)လုပ်ငန်းများ၊ စက်မှုလက်မှုလုပ်ငန်းများအား ပြည်သူများသိရှိစေရေးအတွက် ကေ့ာကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် ယနေ့နံနက်ပိုင်းမှစ၍ အသိပညာပေး နံရံကပ်စာစောင် ပြသ ဆောင်ရွက်ထားကြောင်း သိရသည်။
နောင်ချိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများမှ စုပေါင်း၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပ
Jul 29,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်စီမံအုပ်ချုပ်ရေး၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ စုပေါင်း၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်  ၈နာရီအချိန်က ‌ဟော်တော် ဘုန်းတော်ကြီးကျောင်း တိုက်တွင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပခုက္ကူတ္ကသိုလ်၌ ၂၀၂၂-၂၀၂၃ပညာသင်နှစ်၊ အထူးပြုဘာသာရပ်ပေါင်းစုံစစ်တုရင်အားကစားပြိုင်ပွဲကျင်းပ
Jul 29,2023
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အထူးပြုဘာသာရပ် ပေါင်းစုံစစ်တုရင်အားကစားပြိုင်ပွဲကို ယမန်နေ့ ညနေ၄နာရီအချိန်က အဆိုပါ တက္ကသိုလ်၊ မိုးလုံလေလုံအားကစားရုံ ခန်းမတွင် ကျင်းပသည်။
ရခိုင်ပြည်နယ် မောင်တောမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးနေဦးနှင့် ဌာနဆိုင်ရာ တာ၀န်ရှိသူများသည် သရေကုန်းဘောင်ကျေးရွာတွင် မိုးစပါးများ ပျိုးထောင်နေမှုနှင့် မြေပြုပြင် ထွန်ယက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေး
Jul 29,2023
ရခိုင်ပြည်နယ် မောင်တောမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးနေဦးနှင့် ဌာနဆိုင်ရာ တာ၀န်ရှိသူများသည် သရေကုန်းဘောင် ကျေးရွာတွင် မိုးစပါးများ ပျိုးထောင်နေမှုနှင့် မြေပြုပြင်ထွန်ယက်နေမှုများအား ယမန်နေ့ညနေပိုင်းက မြေပြင်ကွင်းဆင်း လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြသည်။
မဟာအောင်မြေမြို့နယ် အမှတ်(၁၃) အခြေခံပညာအထက်တန်းကျောင်းတွင် ဝါဆိုသင်္ကန်း၊ ပန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း
Jul 29,2023
မန္တလေးခရိုင်၊မဟာအောင်မြေမြို့နယ်တွင် အမှတ်(၁၃)အခြေခံပညာအထက်တန်း ကျောင်းတွင် (၃၆)ကြိမ်မြောက် ဝါဆိုသင်္ကန်း၊ ပန်းနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့ နံနက် (၁၀) နာရီက ကျင်းပသည်။
ကလောမြို့နယ်၊ ဘော်နင်းစံပြကျေးရွာ၌ ဆိုင်ကယ်ပြုပြင်သင်တန်းဖွင့်လှစ်
Jul 29,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့၊ ဘော်နင်းစံပြကျေးရွာတွင် ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း ခေတ်မီစံပြကျေး ရွာရှိ ကျေးလက်နေပြည်သူများဝင်ငွေတိုးရေး မော်တော်ဆိုင်ကယ်ပြင် သင်တန်းဖွင့်ပွဲအခမ်း အနားကို ယမန်နေ့မွန်းလွှဲ  ၂ နာရီက ဘော်နင်းစံပြကျေးရွာ ဘုန်းတော်ကြီး ကျောင်း၌ ကျင်းပ ခဲ့သည်။
ပုသိမ်မြို့တွင် အိမ်တွင်းလျှပ်စစ်သွယ်တန်း တပ်ဆင်ခြင်းသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Jul 29,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ပံ့ပိုးကူညီမှုဖြင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေးကော်မတီမှ ကြီးမှူးဖွင့်လှစ်သော အိမ်တွင်းလျှပ်စစ်သွယ်တန်း တပ်ဆင်ခြင်း သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ဗဟန်းမြို့နယ်တွင် စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ
Jul 29,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းပါဝင်၍ နှစ်စဉ်ကျင်းပမြဲဖြစ်သော စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် မြို့နယ်စီမံအုပ်ချုပ်ရေးရုံး၌ ကျင်းပပြုလုပ်သည်။