ပုသိမ်မြို့တွင် အိမ်တွင်းလျှပ်စစ်သွယ်တန်း တပ်ဆင်ခြင်းသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ပုသိမ် ဇူလိုင် ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ပံ့ပိုးကူညီမှုဖြင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေးကော်မတီမှ ကြီးမှူးဖွင့်လှစ်သော အိမ်တွင်းလျှပ်စစ်သွယ်တန်း တပ်ဆင်ခြင်း သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဉီးမျိုးနိုင်က မိမိတို့ နိုင်ငံမှာလိုအပ်နေတဲ့ ကျွမ်းကျင်လုပ်သားလိုအပ်ချက်ကို ဖြည့်စည်းပေးနိုင်ဖို့နဲ့ လူငယ်လူရွယ်တွေအတွက် သင့်တော်ကောင်းမွန်တဲ့ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ရရှိစေဖို့နှင့် ကျွမ်းကျင်မှုအတတ်ပညာကို စနစ်တကျ လေ့လာသင်ယူခွင့်မရဘဲ လုပ်ငန်းခွင်အသီးသီးမှာ၀င်ရောက်လုပ်ကိုင်နေကြတဲ့ ၀င်ငွေနည်းပါးတဲ့ လူငယ်အလုပ်သမားတွေအတွက် အသက်မွေး၀မ်းကျောင်းအတတ်ပညာ သင်ယူမှုအခွင့်အလမ်းတွေ တိုးတက်ရရှိစေပြီး ဝင်ငွေတိုးတက်ရရှိစေဖို့ရည်ရွယ်၍ သင်တန်းများဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ဆုရရှိသော သင်တန်းသားများအား ဆုများအသီးသီးချီးမြှင့်ခဲ့ကြပြီး အမှတ်တရစုပေါင်း မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးကာအခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ အိမ်တွင်းလျှပ်စစ်သွယ်တန်း တပ်ဆင်ခြင်းသင်တန်းသို့ ပုသိမ်မြို့နယ်နှင့်ပတ်ဝန်းကျင်ဒေသများမှ သင်တန်းသား(၂၀)ဦး တက်ရောက်ခဲ့ကြပြီး၊ သင်တန်းကာလမှာ  ရက်သတ္တပတ် ၄ ပတ်ကြာမြင့်ခဲ့ကြောင်း သတင်းရရှိသည်။

မြင့်ဟန်(ပြန်/ဆက်)