နောင်ချိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများမှ စုပေါင်း၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပ

နောင်ချို  ဇူလိုင် ၂၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်စီမံအုပ်ချုပ်ရေး၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ စုပေါင်း၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်  ၈နာရီအချိန်က ‌ဟော်တော် ဘုန်းတော်ကြီးကျောင်း တိုက်တွင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူလင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက ဟော်တော်ဘုန်းတော်ကြီးကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကာ ဆရာတော် သံဃာတော်များက ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်၍  ဝါဆိုဝါကပ်ကြမည့် ဝါဆိုသံဃာများ၊သီလရှင်ဆရာလေးများအား သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူလင်းနှင့် အဖွဲဝင်များ၊ဌာနဆိုင်ရာများက ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

နောင်ချိုမြို့နယ်အနေဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်များမှ မြို့နယ်အတွင်းရှိ ကျောင်းအတွင်းတွင် သီတင်းသုံးနေထိုင်ကြသော ရဟန်း၊ သံဃာ၊ သာမဏေ၊ သီလရှင်များ စိတ်အေးချမ်းသာ စွာသီတင်းသုံးနေထိုင်နိုင်ရေးအတွက် ဝါဆိုသင်္ကန်းများ ဆက်လက်လှူဒါန်းသွား မည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှသိရသည်။

ထွေးငယ်(နောင်ချို၊ ပြန်/ဆက်)