မဟာအောင်မြေမြို့နယ် အမှတ်(၁၃) အခြေခံပညာအထက်တန်းကျောင်းတွင် ဝါဆိုသင်္ကန်း၊ ပန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

မဟာအောင်မြေ ဇူလိုင် ၂၉

မန္တလေးခရိုင်၊မဟာအောင်မြေမြို့နယ်တွင် အမှတ်(၁၃)အခြေခံပညာအထက်တန်း ကျောင်းတွင် (၃၆)ကြိမ်မြောက် ဝါဆိုသင်္ကန်း၊ ပန်းနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့ နံနက် (၁၀) နာရီက ကျင်းပသည်။

ရှေးဦးစွာ ကြွရောက်တော်မူကြသော ဆရာတော် သံဃာတော်အရှင်သူမြတ်များနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား/သူများက နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်၍ ကင်းဝန်မင်းကြီးကျောင်းမှ ကျောင်းတိုက်ဆရာတော် ဦးဉတ္တမထံမှ ငါးပါးသီလ ခံယူဆောက် တည်ကြသည်။

အဆိုပါ ဝါဆိုသင်္ကန်း၊ ပန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲကို အမှတ် (၁၃) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်လုံးဝင်း၊ ကျောင်းအကျိုး ဆောင်များနှင့် မိဘဆရာအသင်းမှ တာဝန်ရှိသူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ စုစုပေါင်း(၆၀၀) ဦးတို့မှ ဝါဆိုသင်္ကန်း၊ပန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြကာ ရေစက်သွန်းလောင်း အမျှအတမ်းပေးဝေခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း