မုံရွာခရိုင်နှင့် မြို့နယ်ဦးစီးမှူးရုံးများရှိ ဝန်ထမ်းအိမ်ယာအတွင်း ဆောင်ရွက်ထားသော တောင်သူနည်းပညာပေးလုပ်ငန်းများ ဆောင်ရွက်ထား ရှိမှုများအား လာရောက်လေ့လာ

မုံရွာ ဇူလိုင် ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်မှ ခရိုင်ဦးစီးမှူးနှင့် မြို့နယ်ဦးစီးမှူးများ ဦးဆောင်သော အဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းက မုံရွာခရိုင်နှင့် မုံရွာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနသို့ ရောက်ရှိပြီး အဆိုပါရုံးများတွင် တောင်သူနည်းပညာပေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအား ကြည့်ရှု လေ့လာခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ ကလေးခရိုင်မှ ခရိုင်ဦးစီးမှူးနှင့် မြို့နယ်ဦးစီးမှူးများ ဦးဆောင်သောအဖွဲ့သည် မုံရွာမြို့နယ်ဦးစီးမှူးရုံး၊ ဝန်ထမ်းအိမ်ယာအတွင်း ဆောင်ရွက်ထားရှိသော ကောက်ရိုးမှိုနှင့် ငွေနှင်းမှို စိုက်ပျိုးရုံများကိုလည်းကောင်း၊ လေ့လာရေးအဖွဲ့သည် မှိုနှင့်အိမ်တွင်းအလှစိုက် ပန်းမံများ၊ သုတေသနပညာပေးစင်တာ (MIPRKC) တွင် အိမ်တွင်းအလှစိုက် ပန်းပင်စိုက်ပျိုးပြသထားရှိမှု များကိုလည်းကောင်း ကြည့်ရှုလေ့လာကြခဲ့ပြီး နောက် မှို Tissue culture မွေးမြူခြင်းနှင့် မှိုထုပ်ပိုးမှုပြုလုပ်ပုံအဆင့်ဆင့်များ၊ မြို့နယ်ဦးစီးမှူးရုံး၏ ပျိုးဥယျာဉ်အတွင်း စိုက်ပျိုးထားသော ဟင်းသီး၊ ဟင်းရွက်နှင့် နှစ်ရှည်ပျိုးပင်များကို လေ့လာကြည့်ရှုခဲ့သည်။

ဆက်လက်၍ အဆိုပါ လေ့လာရေးအဖွဲ့သည် မုံရွာခရိုင် ဦးစီးမှူး ရုံးဝင်းအတွင်းရှိ ဥကပ်ပါးနဂျီ ဓာတ်ခွဲခန်းနှင့် Home Garden စိုက်ပျိုး ဆောင်ရွက်ထားရှိမှုများအား လေ့လာကြည့်ရှုပြီးနောက် မုံရွာခရိုင်ဦးစီးမှူး၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် မြို့နယ်ဦးစီးမှူး၏ လုပ်ငန်း ဆောင်ရွက်မှုများကို တာဝန်ရှိသူများနှင့် အတူ ရင်းနှီးပွင့်လင်းစွာ ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ထို့နောက် မုံရွာခရိုင်နှင့် မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းအိမ်ယာဝင်းအတွင်းရှိ ဝန်ထမ်းအိမ်ယာများ ပြင်ဆင်ထိန်းသိမ်းထားရှိမှုများကို တာဝန်ရှိသူက လိုက်လံရှင်းလင်းပြသမှုတို့အား လေ့လာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)