ပေါင် ဇူလိုင် ၂၈
မွန်ပြည်နယ်၊ ပေါင်မြို့နယ် စပါးခေါင်နှံယူစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ ပြုလုပ်ကျင်းပခြင်းကို ယမန်နေ့နံနက်ပိုင်းက ဖြူဘကျေးရွာ တောင်သူဦးအုန်းလှိုင်၏ လယ်မြေကွင်းအမှတ် ( ၇၇၂ )ဦး ပိုင် (၂၉/၁)၌ ပြုလုပ်ခဲ့ကြသည်။
အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်စွာလှိုင်က တောင်သူများ အနေဖြင့် ကိုယ့်မျိုးကိုယ်ထား ခေါင်နှံမျိုးပွားစိုက်ပျိုးခြင်းအားဖြင့် မျိုးသန့်စပါးသုံးစွဲမှု များပြားလာခြင်း၊ မျိုးစေ့ဝယ်ယူမှု ကုန်ကျစရိတ်သက်သာခြင်း၊ မျိုးကောင်းမျိုးသန့် စိုက်ပျိုးခြင်းဖြင့် အထွက်နှုန်းတိုးတက်မြင့်မားခြင်း အကျိုးကျေးဇူးများရရှိနိုင်ကြောင်း ဆွေးနွေး ပြောကြားခဲ့ရာတောင်သူများက သိလိုသည့် အကြောင်းအရာများကို အပြန်အလှန် မေးမြန်း ဆွေးနွေးခဲ့ကြသည်။
ထို့နောက် တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဝန်ထမ်းများက စပါးခေါင်နှံယူစိုက်ပျိုးခြင်းနှင့် ပတ်သက်၍ လိုအပ်သည့်နည်းပညာများကို မျှဝေပေးခဲ့ရာ စုစုပေါင်းတောင်သူ (၂၀)ဦးကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်း(၁၃)ဦးက အသေးစိတ် သင်ကြားပြသပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)