အမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန  (Community Centre)၌  စာဖတ်ဝိုင်း ကျင်းပ

အမ်း ဇူလိုင် ၂၈

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Commmunity Centre)ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစန်းဝင်းနှင့် ဝန်ထမ်းများက စာပေမြတ်နိုးသူ Book Clubအသင်းဝင် လူငယ်များ ပူးပေါင်း၍ ဒို့ကျေးရွာဂျာနယ် အတွဲ(၂၀)၊အမှတ် (၁၃)၊ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁ ရက်မှ ဆောင်ပါးရှင် မောင်မောင်မြင့်သိန်း ရေးသားသည့် လူငယ်များသိသင့်သော အပြုအမူများ ဆောင်းပါးဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက်(၉) နာရီချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစန်းဝင်းက လူငယ်များ၏ ကာယ၊ ဉာဏ၊ စာရိတ္တများ ဘက်စုံဖွံ့ ဖြိုးတိုး တက်စေရန် စာဖတ်ရှိန်မြှင့် တင်ရေး အတွက် စာဖတ်ဝိုင်းများ ကျင်းပပေးခြင်းဖြစ်ကြောင်း၊ လူငယ်များ သိသင့်သော အပြု အမူများဆောင်းပါးမှ လူငယ်များသည် ကိုယ်တိုင်လေ့လာခြင်း၊တိုး တက်မှုရရှိအောင်မြင်အောင် ပြုလုပ်ခြင်း၊အသစ်တဖန် ဆန်းသစ်ခြင်း စဉ်ဆက်မပြတ်တိုး တက်မှုကိုရယူနိုင်ပြီး အမှားများကို ကြောက်ရွံ့ခြင်းမရှိဘဲ အမှားများမှ လေ့လာသင်ယူခြင်း ဖြင့် မိမိတို့၏ ဘဝအတွက် ပိုမိုကောင်းမွန်သော ရည်မှန်းချက်သို့ လှမ်းတက်နိုင်မည် ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ (Book Club) အသင်းဝင် မသင်းမြတ်နိုင်က အကျင့်စာရိတ္တ အခြေခံသော အပြုအမှုများနှင့် ရိုးသားလေး စားမှုကိုပြသခြင်း အကြောင်းအရာများကိုလည်းကောင်း၊ မအေးစုစုစံက မှားယွင်းမှုများကို မှန်ကန်အောင် ပြုလုပ်ခြင်းအကြောင်းအရာနှင့် မောင်သန်းနိုင်က သစ္စာရှိမှုကို ပြသခြင်းအကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။

ထို့နောက်လူငယ်များသိသင့်သော အပြုအမူများ ဆောင်းပါး၌ ပါရှိသည့် အကြောင်းအရာများနှင့် တစ်ဦးချင်းစီ၏ အမြင်များအား အပြန်အလှန် ဆွေးနွေးခဲ့ကြရာ  ဦးစီးအရာရှိ ဦးစန်းဝင်းက ဆောင်းပါးပါ အ​ကြောင်းအရာများအား ခြုံငုံသုံးသတ်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

စိုးမင်းထွန်း(ပြန်/ဆက်)