တိုင်းဒေသကြီးအတွင်း စိုက်ဧကတိုးချဲ့ရေး၊ သီးထပ်တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် စားရေရိက္ခာဖူလုံရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၃) ကျင်းပပြုလုပ်

ပဲခူး ဇူလိုင် ၂၈

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဇူလိုင်လ(၂၆)ရက်နေ့၊နံနက်ပိုင်းက စိုက်ဧကတိုးချဲ့ရေး၊ သီးထပ်တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် စားရေရိက္ခာဖူလုံရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး(/၂၀၂၃) ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက မြို့နယ်အလိုက် နှစ်စဉ်()သီးသာစိုက်ပျိုးနိုင်သည့် ရေကြီး/ရေနက်ကွင်းများ၊ သဲဆန်ကုန်းကြောမြေများနှင့် အခြားမြေများတွင် တစ်နှစ်()သီး တိုးချဲ့စိုက်ပျိုးနိုင်ရေး အသေးစိတ်တင်ပြပေးရန်ဖြစ်ပြီး လိုအပ်ချက်များ ပံ့ပိုးကူညီဖြေရှင်းဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ စိုက်ပျိုးသီးနှံအလိုက် မျိုး၊ မြေ၊ ရေ နည်းမှန်ကန်စွာ စနစ်တကျပြောင်းလဲမှသာ  ပန်းတိုင်အထွက်နှုန်း ရရှိနိုင်မှာဖြစ်ပြီး အောက်ခြေတောင်သူများအထိ အသိပညာပေးခြင်းများ၊ ယှဉ်ပြိုင်စမ်းသပ်ကွက်များ စိုက်ပျိုး၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အဓိကသီးနှံ(၁၀)မျိုးတွင် ပန်းတိုင်အထွက်နှုန်းရရှိရန် နီးကပ်နေသည့်သီးနှံများအားလုံး ယခုနှစ်တွင် ပန်းတိုင်အထွက်နှုန်းရရှိရေး ဦးစားပေးဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ဆီထွက်သီးနှံမြေပဲအား သဲဆန် ကုန်းကြောမြေနေရာများတွင် စိုက်ပျိုး၍ရပါက စိုက်ပျိုးရန်ဖြစ်ကြောင်း၊ မြေဆီလွှာမကောင်းသည့် သဲဆန်မြေများတွင် သစ်စိမ်းမြေဩဇာ ပိုက်ဆံလျှော်စိုက်ပျိုးခြင်းအပြင် မြေစမ်းသပ်နိုင်ရန် သက်ဆိုင်ရာစိုက်ပျိုးရေးသုတေသနနှင့်ပူးပေါင်း၍ မြေနမူနာဓါတ်ခွဲခြင်းများ ဆောင်ရွက်သွားရန်ဖြစ်ပြီး ကိုက်ညီသည့် စားဖိုဆောင်သီးနှံများနှင့် ရာသီသီးနှံများ စိုက်ပျိုးသွားရန်ဖြစ်ကြောင်း၊ စိုက်ပျိုးသီးနှံအလိုက် ရာသီဥတု အညွှန်းကိန်း သီးနှံအာမခံထားရှိနိုင်ရေး အသိပညာပေးရန် လိုအပ်ကြောင်း၊ အယ်လ်နီညိုကြောင့် ကြုံတွေ့လာနိုင်သည့် စိုက်ပျိုးရေရှားပါးခြင်း ပြဿနာမဖြစ်ပေါ်စေရေး ချောင်းပိတ်/ မြောင်းပိတ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ယခုကတည်းက ကြိုတင်လျာထားရန်လိုအပ်ကြောင်း၊ စားရေရိက္ခာဖူလုံရေးအနေဖြင့် အိမ်တိုင်တစ်ပိုင်တစ်နိုင်စနစ်မှ စီးပွားဖြစ်မွေးမြူသည့်အဆင့်ထိ တိုးတက်မွေးမြူနိုင်ရေး နည်းပညာပေးခြင်း၊ မျိုးကောင်းမျိုးသန့် ဖြန့်ဖြူးပေးခြင်းနှင့် အရင်းအနှီးမတည်ငွေရရှိနိုင်ရေး ပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်းနှင့် ဒေသတွင်း ဆန်၊ ဆီ၊ သား၊ငါး၊ဥ ဖူလုံနေရုံနှင့် ကျေနပ်မနေစေဘဲ သွင်းကုန်အစားထိုးသုံးစွဲနိုင်ရေးနှင့် ပြည်ပပို့ကုန်တိုးမြှင့်ထုတ်လုပ်နိုင်ရေး ဝိုင်းဝန်းကြိုးစား ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက ဒေသတွင်း စိုက်ဧကတိုးချဲ့ရေး၊ သီးထပ်တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် စားရေရိက္ခာဖူလုံရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုများကိုလည်းကောင်း၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေကိုလည်းကောင်း တင်ပြဆွေးနွေးခဲ့ကြသည်။ ယင်းနောက် တင်ပြချက်များနှင့်ပတ်သက်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူများအား စိုက်ပျိုးသီးနှံအလိုက် ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် အခြေအနေများအား အကြံပြုတင်ပြဆွေးနွေးခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က မြို့နယ်တစ်ခုချင်း စိုက်ပျိုးသီးနှံများအလိုက် လိုအပ်သည်များ အသေးစိတ်ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။

ပဲခူးတိုင်းဒေသကြီးတွင် ၂၀၂၁ ခုနှစ်၌ စိုက်ပျိုးမြေဧရိယာစုစုပေါင်းသိန်း(၆၀)ကျော်ရှိခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရေပေးမြောင်းများ တူးဖော်ပေးခြင်း၊ ဆိုလာရေတင်စနစ်ဖြင့် ဆောင်ရွက်ပေးခြင်းနှင့် အခြားရေရရှိရေး နည်းလမ်းပေါင်းစုံဖြင့် ပံ့ပိုးကူညီပေးနိုင်ခဲ့မှုများကြောင့် ၂၀၂၃ ခုနှစ်တွင် စိုက်ပျိုးမြေဧရိယာ စုစုပေါင်း(၆၇)သိန်းကျော် စိုက်ပျိုးနိုင်ခဲ့ပြီဖြစ်၍ စိုက်ပျိုးမြေဧရိယာ ဧက()သိန်းကျော် တိုးချဲ့ဖော်ထုတ် စိုက်ပျိုးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)