မိုးညိုမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ချေးပေး

မိုးညို ဇူလိုင် ၂၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ကျေးရွာအုပ်စုများအလိုက် မေလ(၁၈)ရက်နေ့မှစတင်၍ ထုတ်ချေးပေးလျက်ရှိရာ ယမန်နေ့က ရပ်ကွက်နှင့်‌ ကျေးရွာအုပ်စု(၄)အုပ်စုအား မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတွင် ဆက်လက်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ထိုသို့ထုတ်ချေးပေးရာတွင် ဇောတိကရပ်ကွက်၊ မြို့မ/ရွှေဥဒေါင်းရပ်ကွက်၊ ရှားတောကျွန်းအုပ်စုနှင့်စပါယ်မျှောင်အုပ်စုတို့မှ တောင်သူ ၃၅၄ ဦးအား မိုးစပါးစိုက်ဧက ၂၁၃ ဧကအတွက် ထုတ်ချေးငွေကျပ် ၃၁၉၅၀၀၀၀/- အားလည်းကောင်း၊ မိုးနှမ်းစိုက်ဧက ၁၄၁ ဧကအတွက် ထုတ်ချေးငွေကျပ် ၁၄၁၀၀၀၀၀/- အားလည်းကောင်း စုစုပေါင်းငွေကျပ် ၄၆၀၅၀၀၀၀/- အား ထုတ်ချေးပေးခဲ့သည်။

မိုးညိုမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲအနေဖြင့် ၂၀၂၃ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၃၇)အုပ်စုမှ တောင်သူ(၆၂၄၅)ဦး၊ စိုက်ဧက(၄၄၃၅၀)အတွက် ငွေကျပ်(၆၃၉၅၀၀၀၀၀၀)အား ထုတ်ချေးပေးရန် လျာထားဆောင်ရွက်လျက်ရှိရာ ‌ယမန်‌နေ့အထိ ကျေးရွာအုပ်စု(၃၀)အုပ်စု၊ တောင်သူ(၁၆၆၈)ဦး၊ မိုးစပါးစိုက်ဧက(၁၀၁၂၀)နှင့် နှမ်းစိုက်ဧက(၆၄၀) စုစုပေါင်း(၁၀၇၆၀)ဧကအတွက် ငွေကျပ်(၁၅၈၂၀၀၀၀၀၀)အား မြို့နယ်ဘဏ်ခွဲမှ ထုတ်ချေးပြီးစီးကြောင်း မိုးညိုမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။

ကိုမင်း(ပြန်/ဆက်)