ကော့သောင်း ဇူလိုင် ၂၀
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးအောင်ဇော်လှိုင်သည် လူမှုရေးရာဝန်ကြီး ဦးသက်နိုင်၊ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့်အတူ ကော့သောင်းမြို့ (၃)မိုင်အဝေးပြေးယာဉ်ရပ်နားစခန်းသို့ ယမန်နေ့နံနက်ပိုင်းက သွားရောက်၍ တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဦးစွာ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်က ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန၊ ကော့သောင်းမြို့နယ် ပုဂ္ဂလိကယာဉ်များ ပြေးဆွဲရေးလုပ်ငန်းထိန်းသိမ်းကြီးကြပ်ရေးကော်မတီ၊ ကုန်စည်ပို့ဆောင်ရေးယာဉ်အသင်းနှင့် ခရီးသည်ပို့ဆောင်ရေးယာဉ်အသင်းတို့မှ တာဝန်ရှိသူများကို လုပ်ငန်းဆောင်ရွက်မှုများနှင့် အခက်အခဲလိုအပ်ချက်များအား တင်ပြစေပြီး တိုင်းဒေသကြီးအတွင်း လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ရေး၊ ကုန်စည်စီးဆင်းမှုကောင်းမွန်ရေးနှင့် ခရီးသည်များ အဆင်ပြေချောမွေ့စွာ ခရီးသွားလာနိုင်ရေးအတွက် ယာဉ်လိုင်းများတိုးချဲ့ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထားဝယ်မြို့ကို အခြေပြုပြီး တိုင်းဒေသကြီးအတွင်းနှင့် တစ်နိုင်ငံလုံးသွားလာနိုင်ရေးအတွက် ယာဉ်လိုင်းများ ခွင့်ပြုထားကြောင်း၊ ကုန်ပစ္စည်းများအားစနစ်တကျ စစ်ဆေးလက်ခံရန်နှင့် ကုန်တင်၊ ကုန်ချ ပြုလုပ်ရာတွင် စနစ်တကျရှိရန်လိုအပ်ကြောင်း၊ ယာဉ်များအား ကြံ့ခိုင်ကောင်းမွန်ရေးဆောင်ရွက်ရန်နှင့် ဂိတ်များအား သန့်ရှင်းသပ်ရပ်စွာထားရှိရန်၊ ယာဥ်ဂိတ်များ လက်မှတ်ရောင်းဌာနများ၏ ဗီနိုင်းဆိုင်းဘုတ်များ သစ်လွင်မှုရှိစေရန်နှင့် အဝေးပြေးယာဉ်ရပ်နားစခန်းအား နိုင်ငံတကာအဆင့်မီအောင် အားလုံးဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ရန်လိုအပ်သည်ဟု လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)