၂၀၂၅ ခုနှစ် ပြင်ဉီးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

ပြင်ဦးလွင် ဇူလိုင် ၂၀

၂၀၂၅ခုနှစ်၊ ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလားအသင်းပေါင်းစုံ (အမျိုးသား) အသက် (၂၅) နှစ်အောက် ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ နှင့် ဆုချီးမြှင့်ပွဲကို ဇူလိုင်လ ၁၈ ရက်နေ့ ညနေ (၃) နာရီက ပြင်ဦးလွင်ခရိုင် အားကစားကွင်းအတွင်းရှိ အားကစားခန်းမ (၁) ၌ ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်အားကစားမှူး၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ပြိုင်ပွဲကျင်းပရေးကော်မတီဝင်များ၊ ပြိုင်ပွဲဝင်အသင်းများနှင့်‌ ဖူဆယ်ဘောလုံးဝါသနာရှင်များ တက်ရောက်အားပေးကြသည်။

အဆိုပါပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အသင်းပေါင်းစုံ အသက် (၂၅) နှစ်အောက် (အမျိုးသား)ဖူဆယ်ဘောလုံးပြိုင်ပွဲကို (၁၅-၇-၂၀၂၅) ရက်နေ့မှ (၁၈-၇-၂၀၂၅) ရက်နေ့အထိ ပြိုင်ပွဲဝင်အသင်း (၁၂) သင်းတို့ဖြင့် အင်တိုက်အားတိုက် ယှဉ်ပြိုင်ကစားခဲ့ရာ ဗိုလ်လုပွဲတွင် MBIFC အသင်းနှင့် HOG FC အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ MBIFC အသင်းမှ အနိုင်ရရှိခဲ့သည်။

ဆက်လက်ပြီး ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများမှ ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် အကောင်းဆုံးကစားသမားဆုရရှိသူတို့အား ဆုတံဆိပ်များ၊ ဂုဏ်ပြုငွေများ၊ ဆုဖလားများကို အသီးသီးချီးမြှင့်ခဲ့ပြီး အမှတ်တရစုပေါင်းဓါတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)