မြောင်းမြ ဇူလိုင် ၂၀
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်သည် မြောင်းမြခရိုင်၊ မြောင်းမြို့၊ Happy ဖူဆယ်အားကစားကွင်း၌ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် (၂၅) နှစ်နှင့်အောက် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲစဉ်များကို ယနေ့နံနက် ၈ နာရီက တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အသင်းသားများအား လိုက်လံနှုတ်ဆက်၍ အမှာစကားများ ပြောကြားခဲ့သည်။ ဆက်လက်၍ အကြိုဗိုလ်လုပွဲစဉ် ပထမပွဲစဉ်အနေဖြင့် မြောင်းမြခရိုင်အသင်းနှင့် မအူပင်ခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။
အဆိုပါဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ (၈) ခရိုင်မှ ခရိုင် ကိုယ်စားပြု ဘောလုံးအသင်း (၈) သင်း၊ ပြိုင်ပွဲဝင်ကစားသမား စုစုပေါင်း (၈၀) ဦးဖြင့် ဇူလိုင်လ (၁၈) ရက်နေ့မှ စတင်ယှဉ်ပြိုင်ကစားလျက်ရှိရာ ယနေ့အကြိုဗိုလ်လုပွဲ ပထမပွဲစဉ်တွင် မြောင်းမြခရိုင်အသင်းမှ (၄ ဂိုး၊ ၁ ဂိုး)ဖြင့် အနိုင်ရရှိပြီး ဗိုလ်လုပွဲသို့ တက်လှမ်းသွားခဲ့ ကြောင်း သိရသည်။
ဇေယျာ (မြောင်းမြ)