ကွမ်းခြံကုန်း ဇူလိုင်၂၀
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ ကမာပါကျေးရွာ၊ ကွင်းအမှတ် ၃၇၁၊ ဦးပိုင်အမှတ် ၁၅/၁၁၊ ဦးမြင့်ဦး၏ လယ်မြေ ၃ ဧက၌ မှော်ဘီ-၃စပါးပျိုးပင်များအား ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းအခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါစိုက်ပျိုးပွဲအခမ်းအနားသို့ ကွမ်းခြံကုန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြှင့်မားရေးကြီးကြပ်မှုကော်မတီဝင်များနှင့် တောင်သူလယ်သမားဦးကြီးများက မှော်ဘီ-၃ စပါးပျိုးပင်များ ၆ တန်းသွားကောက်စိုက်စက်ဖြင့် သရုပ်ပြစိုက်ပျိုးခြင်းအား ကြည့်ရူခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ ကွမ်းခြံကုန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးတင်လင်းက ကောက်စိုက်စက်စိုက်ပျိုးခြင်း၏ အကျိုးရလဒ်များအကြောင်းကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ဆွေနွယ်(ပြန်/ဆက်)