ကသာမြို့၌ ပလတ်စတစ်ကင်းစင်ရေးနှင့် အမှိုက်များစနစ်တကျစွန့်ပစ်ရေး Plastic Campaign ပြုလုပ်

ကသာ ဇူလိုင် ၂၀

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွန်မှုဖြင့် ကသာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးဆောင်၍ ပတ်ဝန်းကျင်သာယာလှပစေရန် ပလတ်စတစ်ကင်းစင်ရေးနှင့် အမှိုက်များ စနစ်တကျစွန့်ပစ်ရေးတို့အတွက် Plastic Campaign ဆောင်ရွက်မှုကို ယနေ့နံနက် (၇)နာရီခွဲအချိန်က အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်အတွင်းရှိ ဧရာဝတီမြစ်ကမ်းတစ်‌လျှောက်တို့တွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။

အဆိုပါ Plastic Campaign ပြုလုပ်ဆောင်လုပ်မှုတွင် ကသာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးနိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့နှင့် ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ စုစုပေါင်းအင်အား (၁၅၀)ဦးခန့် ပါဝင်ဆောင်ရွက်ခဲ့ကြသည်။

ထို့သို့ Plastic Campaign ပြုလုပ်ဆောင်ရွက်ခဲ့ပြီးနောက် ကမ်းနားလမ်းရှိ ဈေဆိုင်ခန်းများတွင် အမှိုက်များစနစ်တကျစွန့်ပစ်ရေးနှင့် ပလပ်စတစ်အမှိုက်ကင်းစင်ရေးတို့အတွက် တာဝန်ရှိသူများက အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျော်စွာထွန်း(ကသာ)