တိုက်ကြီးမွေးမြူရေးဇုန် ဆိုင်းဘုတ်တင်ပွဲကျင်းပ

တိုက်ကြီး ဇူလိုင် ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်မွေးမြူရေးဇုန် ဆိုင်းဘုတ်တင်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက မွေးမြူရေးဇုန်အဝင်သတ်မှတ်နေရာ၌ ကျင်းပသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၊ ရန်ကုန်တိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး၊ တိုက်ကြီးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသူအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်စိုး၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မွေးမြူရေးဇုန်လုပ်ငန်းရှင်များ တက်ရောက်ကြပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က တိုက်ကြီးမွေးမြူရေးဇုန်ဆိုင်းဘုတ်အားစိုက်ထူကာ အမွှေးနံ့သာရည်များ ပက်ဖျန်းကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်းသိရသည်။

ဝတ်ရည်(ပြန်/ဆက်)