မင်းတုန်းမြို့နယ်တွင် လက်ဆွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲပြုလုပ်

မင်းတုန်း ဇူလိုင် ၂၀

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်၊ တံတားကျေးရွာအုပ်စု ကွင်းအမှတ် (၃၂၈)၊ တောင်သူ ဒေါ်ခင်ယုမေ၏ လယ်မြေ၌ ယနေ့နံနက် ၈ နာရီတွင် လက်ဆွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ ပြုလုပ်ရာ မြို့နယ်စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တံတားကျေးရွာအုပ်စုရှိ တောင်သူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါ ကွင်းသရုပ်ပြပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက လက်ဆွဲကောက်စိုက်စက်ဖြင့် သရုပ်ပြစိုက်ပျိုးခဲ့ကြပြီး လက်ဆွဲကောက်စိုက်စက် အသုံးပြုစိုက်ပျိုးခြင်းဖြင့် လုပ်သားအင်အားရှားပါးမှု ကျော်လွှားနိုင်ခြင်း၊ တစ်ဧကထုတ်လုပ်မှု ကုန်ကျစရိတ်လျော့နည်း၍ အကျိုးအမြတ်ပိုမိုရရှိခြင်း၊ တစ်ရက်လျှင် ကောက်စိုက်စက်တစ်စီးကို ၃ ဧကနှင့်အထက် စိုက်ပျိုးပြီးစီးနိုင်ခြင်းတို့ကြောင့် တောင်သူများ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုလာစေရန် ရည်ရွယ်၍ ကွင်းသရုပ်ပြ စိုက်ပျိုးဆောင်ရွက်ရခြင်းဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)