မုဒုံမြို့၌ အခြေခံပညာ ထက်၊ လယ်၊ မူ ကျောင်းအုပ်ကြီးများနှင့် ခရိုင်ပညာရေးမှူးတို့ တွေ့ဆုံပွဲကျင်းပ

မုဒုံ ဇူလိုင် ၂၄

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ကြီးများနှင့် ခရိုင်ပညာရေးမှူးတို့ တွေ့ဆုံပွဲကို ယနေ့နံနက် ၁၀ နာရီကအမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ရှင်အရဟံခန်းမ၌ ပြုလုပ်သည်။

ရှေးဦးစွာ မုဒုံမြို့နယ်ပညာရေးမှူးဒေါ်မြဝင်းက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပညာရေးမှူး ဒေါက်တာခင်သူဇာက ပညာရေးဆိုင်ရာမူဝါဒ စည်းမျဉ်းစည်းကမ်းများ၊ ကျောင်းအပ်ရာသီအတွင်း ကျောင်းသား/သူများ ကျောင်းအပ်နိုင်မှုအခြေအနေ၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းစဥ်များ၊ စာသင်ကျောင်းများတွင် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ တက်မြောက်မှုစစ်ဆေးချက်စသည့် စာသင်ကျောင်းများနှင့်ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ မြို့နယ်ပညာရေးမှူးနှင့်ဝန်ထမ်းများ၊ မုဒုံမြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းပေါင်း(၁၀၂)ကျောင်းမှ ကျောင်းအုပ်ကြီးများတက်ရောက်ခဲ့ကြကြောင်း သိရသည်။

သားငယ် (ပြန်/ဆက်)