မုဒုံ ဇူလိုင် ၂၄
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် မြတ်ပညာငွေစုငွေချေး သမဝါယမအသင်း (အခြေခံ)အရပ်ရပ်ဆိုင်ရာ နှစ်ပတ်လည်သင်းလုံးကျွတ် အစည်းအဝေးကို ယမန်နေ့ကအသင်းရုံး၌ ပြုလုပ်သည်။
ရှေးဦးစွာ အသင်းဥက္ကဋ္ဌဦးသန်းတင်က အမှာစကားပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိဦးညီညီထွန်းက အသင်း၏လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန် အသင်းသား/သူများအားလုံး စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ကြရန် လမ်းညွှန်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် အသင်းဒုဥက္ကဋ္ဌနှင့် မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးမှူးတို့က အမှုဆောင်အဖွဲ့၏အစီရင်ခံစာနှင့် ရှေ့လုပ်ငန်းစဥ်များကို ဖတ်ကြားပေးခဲ့ပြီး တက်ရောက်လာကြသည့် အသင်းသားအုပ်စုခေါင်းဆောင်တို့မှ သဘောတူအတည်ပြု ဆုံးဖြတ်ချက်များ ရယူခဲ့သည်။
ဆက်လက်၍ မြတ်ပညာငွေစုငွေချေးသမဝါယမအသင်းသား ၂၂၃၄ ဦး၏ စုဆောင်းငွေအပေါ် အတိုးကျပ်( ၃၃၉၃၉၆၄၉၁)ကို အသင်းသားများကိုယ်စား အုပ်စုမှူးထံထုတ်ပေးခဲ့ပြီး လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)