ရွှေတောင်မြို့နယ်တွင် စိုက်ပျိုး၊ မွေးမြူရေးနှင့် အခြားစီပွားရေး(ကုန်ထုတ်လုပ်မှု) လုပ်ငန်းများအားကွင်းဆင်းကြည့်ရှုစစ်ဆေး

ရွှေတောင် ဇူလိုင် ၂၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီမှ ရွှေတောင်မြို့နယ်အတွင်းရှိ နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုး၊ မွေးမြူရေးနှင့်အခြားစီပွားရေး(ကုန်ထုတ်လုပ်မှု)လုပ်ငန်းများအား ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

စိုက်ပျိုး၊ မွေးမြူရေးနှင့် အခြားစီပွားရေး(ကုန်ထုတ်လုပ်မှု) လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ ယွန်းတန်းရပ်ကွက် ပိုးစည်းဝမ်းဆက် ရက်လုပ်ခြင်းလုပ်ငန်းနှင့်ဆပ်ပြာဆီလုပ်ငန်းဆောင်ရွက်လုပ်ကိုင်နေမှုအခြေအနေများ၊ ဝက်မွေးမြူရေးလုပ်ကိုင်လျက်ရှိသည့် မင်းတဲကျွန်းကျေးရွာအုပ်စု၊ ကြာနီကန်ရပ်ကွက်နှင့် ဝါးလည်ကျေးရွာတို့ရှိ ဝက်မွေးမြူရေးခြံ(၃)ခြံတို့တွင် ဝက်မွေးမြူထားရှိမှုအခြေအနေများ၊ ကြို့ကုန်းကျေးရွာအုပ်စု၊ ဆည်ကြီးကုန်းကျေးရွာအုပ်စုနှင့် မီးလောင်ကျေးရွာအုပ်စုများရှိ မိုးစပါးစိုက်ပျိုးထားရှိမှုအခြေအနေများ၊ ထန်းကုန်းကျေးရွာအုပ်စု၊ မအူတိုင်းကျေးရွာရှိ ပျိုးပင်စိုက်ပျိုးရေးလုပ်ကိုင်နေမှုအခြေအနေများ၊ သရက်တောရပ်ကွက်ရှိ ရိုးရာမောင်ချည်ထည်လုပ်ငန်းလုပ်ကိုင်နေမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စိုက်/မွေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် သက်ဆိုင်ရာဌာနအကြီးအကဲများမှ လိုက်ပါကွင်းဆင်းဆောင်ရွက်ခဲ့ပြီး ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်နှင်အညီ မြို့နယ်စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီမှ ရွှေတောင်မြို့နယ်အတွင်း နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော စိုက်ပျိုး၊ မွေးမြူရေးနှင့် အခြားစီပွားရေး(ကုန်ထုတ်လုပ်မှု)လုပ်ငန်းများအား ဖွံ့ဖြိုးတိုးတက်စေရန် စနစ်တကျကြပ်မတ်၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကိုကိုမင်း ( ပြန် / ဆက်)