ကမမောင်း ဇူလိုင် ၂၄
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်း လုပ်ငန်းများ ကို ယနေ့နံနက် (၁၀) နာရီအချိန်က ကမမောင်းမြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်စေရန်၊ ရောဂါပိုး ကူးစက်ပြန့်ပွားမှုကို လျှော့နည်းစေရန်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို အသက် (၁၈) နှစ် ပြည့်ပြီးသူတိုင်း ကာကွယ်ဆေးထိုးနှံနိုင်ရေးနှင့် ကာကွယ်ဆေးကို ရာနှုန်းပြည့် ထိုးနှံနိုင်ရန် ရည်ရွယ်၍ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးလာရောက်ထိုးနှံသော ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေး စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးပြီး ထိုးနှံရမည့်သူများအား အကြိမ်အလိုက် စာရင်းမှတ်တမ်း ရေးသွင်းကာ ကာကွယ်ဆေးများကို စနစ်တကျ ထိုးနှံပေးခဲ့သည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား အပတ်စဥ်ကျန်ရှိနေသော အခြေခံပညာ ကျောင်းများအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။
သန့်ဇင်