ကျိုက် မရော ဇူလိုင် ၂၄
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ ၂၀၂၃ -၂၀၂၄ ပညာသင်နှစ်အခြေခံပညာမူလတန်းအဆင့် အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်းရှိ KG တန်းမှ Grade- 5 အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဒုတိယအကြိမ်ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီက အ.မ.က(မူလွန်)ကလိုင်းကနိုင်ကျောင်း၌ ထိုးနှံပေးလျက်ရှိသည်။
မူလတန်းအဆင့်ကလေးများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးရာ၌ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအားအပူချိန်တိုင်းတာခြင်းနှင့်ကျန်းမာရေးစစ်ဆေးပေးခြင်းများကို စနစ်တကျ ဆောင်ရွက်ပေးပြီးမှသာထိုးနှံပေးပြီး ကိုယ်အပူချိန်များနေသော ကလေးငယ်များအား ကျန်းမာရေးစစ်ဆေးပေးပြီးမှ ထိုးနှံပေးသွားမည်ဖြစ်ပြီး ဆေးထိုးစုရပ်(၃)ခုတို့၌ ကျောင်းသား၊ ကျောင်းသူ(၂၅၅)ဦးတို့အား ကျောင်းသားမိဘများနှင့် ဆရာ၊ ဆရာမများပူးပေါင်းကာ ထိုးနှံပေးခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)