ခန္တီး ဇူလိုင် ၂၄
ခန္တီးခရိုင် ပြန်ကြားပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အခြေခံပညာအထက်တန်းကျောင်း (ကျန်စစ်သား) ခန်းမတွင် ယနေ့နံနက်(၁၀:၀၀) နာရီအချိန်က လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူးကိုယ်စား လက်ထောက်ကျောင်းအုပ်ဆရာကြီး ဦးသန်းအောင်ကအဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ခရိုင်ဦးစီးမှူးဒေါ်နန်းအေးခိုင်က လူငယ်တွေအနေဖြင့် အသိပညာဗဟုသုတများပိုမိုကြွယ်ဝစွာရရှိစေရန်နှင့်ရရှိပြီးသား အသိပညာဗဟုသုတတွေကို ပြန်လည်မျှဝေပေးစေခြင်း၊ ပရိတ်သတ်များ၏ရှေ့၌ ထွက်ပြီးပြောရဲဆိုရဲ ပြောတတ်ဆိုတတ်သည့် စကားပြောအတတ်ပညာ ကျွမ်းကျင်လာစေရန်၊ လူငယ်အချင်းချင်းရင်းနှီးမှုများရရှိပြီး ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိခြင်းနှင့် ဗလငါးတန်ဖွံ့ဖြိုးသည့် လူငယ်၊ လူရွယ်များပေါ်ထွက်လာစေခြင်းစသည့် ရည်ရွယ်ချက်များဖြင့် လူငယ်စကားဝိုင်းများ ကျင်းပပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဒေါ်နန်းအေးခိုင်က ဆောင်ရွက်ခဲ့ပြီး Grade-12မှ မောင်ရဲရင့်ဝေလွင်က "လူငယ်နှင့်ပညာရေး "Grade-10မှ မစုစုလှိုင်က "လူငယ်နှင့်စာပေ "Grade-10မှ မခွန်ရည်ကဗျာက "လူငယ်နှင့်စာရိတ္တ" Grade-11မှမောင်တိုးဝေက "လူငယ်နှင့်ကျန်းမာရေး" စသည့်ခေါင်းစဥ်များဖြင့် အသီးသီး ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသော ကျောင်းသား၊ကျောင်းသူများမှ မိမိတို့သိရှိလိုသည့် အကြောင်းအရာများကို မေးမြန်းဆွေးနွေးခဲ့ကာ သက်ဆိုင်ရာခေါင်းစဉ်အလိုက် ဆွေးနွေးသူများက ပြန်လည်ဖြေကြားခဲ့ကြပြီး တာဝန်ရှိသူများက လည်းဖြည့်စွက်ဖြေကြားပေးခဲ့ကြောင်းသိရသည်။
အခမ်းအနားသို့ ကျောင်းသားကျောင်းသူ (၁၆၅) ဦးခန့်တက်ရောက်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ၊ရသ စာအုပ်များကိုပြသထားရာ ကျောင်းသား၊ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှု့လေ့လာခဲ့ကြကြောင်းသိရသည်။
ခရိုင် (ပြန်/ဆက်)