ဟင်္သာတ ဇူလိုင် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်ဟင်္သာတမြို့နယ်၊ အင်းဓဝယ်ကျေးရွာရှ်ိ တောင်သူပညာပေးစခန်းတွင် မိုးစပါး (၁) ဧကလျှင် (၁၀) တင်းနှုန်း ပိုမိုထွက်ရှိစေရေးအတွက် နိုင်ငံ့စီးပွါးမြှင့်တင်ရေးရန်ပုံငွေဖြင့် တောင်သူများသို့ (ကွန်ပေါင်းမြေဩဇာ၊ ယူရီးယားမြေဩဇာ၊ သဘာဝမြေဩဇာ) သွင်းအားစုပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက အဆိုပါနေရာတွင်ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ဟင်္သာတခရိုင်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှု လုပ်ငန်းအကောင် အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း၊ ဟင်္သာတခရိုင် စိုက်/တိုး/မြင့်အဖွဲ့ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဟင်္သာတမြို့နယ် စိုက်/တိုး/မြင့်အဖွဲ့ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ သွင်းအားစုရယူဆောင်ရွက်ကြမည့်တောင်သူများ တက်ရောက်ခဲ့ကြပြီး အခမ်းအနားတွင် ဟင်္သာတခရိုင်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုလုပ်ငန်း အကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌဦးမြင့်သန်းဝင်းက (၁) ဧကလျှင် (၁၀)တင်းနှုန်းအထွက်တိုးစေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံချက်များရေးဆွဲ၍ မြေပြင်တွင်လည်း လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ လူမှုစီးပွါးဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် အဓိကထားဆောင်ရွက်ပေးခြင်းဖြစ်ပြီး ယူရီးယားမြေဩဇာနှင့် ဓာတ်မြေဩဇာများအပြင် သဘာဝမြေဩဇာများပါ ပေးအပ်သွားမည်ဖြစ်ကြောင်း၊ အထွက်တိုးစေရေးအတွက် နည်းလမ်း(၄)မျိုးဖြင့် ပြောင်းလဲစိုက်ပျိုးကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရ၏ မူဝါဒကို အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်သည့်အတွက် တောင်သူများအနေဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်စေလိုကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်စိုက်/တိုး/မြင့်အဖွဲ့ အတွင်းရေးမှူး ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဦးသော်ဇင်မောင်က တောင်သူများသို့သွင်းအားစုများ ပေးအပ်ရခြင်းအကြောင်းအား ရှင်းလင်းပြောကြားခဲ့ပြီးနောက် ခရိုင်ဥက္ကဋ္ဌဦးမြင့်သန်းဝင်း၊ ဟင်္သာတခရိုင်စိုက်/တိုး/မြင့်အဖွဲ့ အတွင်းရေးမှူးနှင့်ဟင်္သာတမြို့နယ် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှုလုပ်ငန်း အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌတို့မှ တက်ရောက်လာကြသည့် တောင်သူများအား ဓာတ်မြေဩဇာနှင့်သဘာဝမြေဩဇာသွင်းအားစုများ ပေးအပ်ခဲ့ကြပြီးတက်ရောက်လာသည့်တောင်သူများကိုယ်စားတောင်သူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်၍ နံနက် (၀၉၃၀) အချိန်တွင် ဟင်္သာတမြို့၊ အမှတ် (၁) မြို့ရှောင်လမ်းရှိ ကွင်းအမှတ် (၁၄၆၁)၊ ငှက်ပျောတောကွင်း၊ ဦးပိုင် ၁၄/၁၊ ဧရ်ိယာ (၄.၉၈) ဧက စိုက်ခင်းတွင် KUBOTA ကောက်စိုက်စက် (၆ တန်းသွား) ဖြင့် ပခန်းရွှေဝါမျိုးအား လက်တွေ့စိုက်ကွင်း သရုပ်ပြခဲ့ရာ ခရိုင်ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် တာဝန်ရှိသူများ ဒေသခံတောင်သူများက လေ့လာကြည့်ရှုအားပေးခဲ့ကြရာ သက်ဆိုင်ရာစက်မှုလယ်ယာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့မှ လိုက်လံရှင်းလင်း တင်ပြခဲ့ကြပြီးနောက် ဟင်္သာတခရိုင် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုလုပ်ငန်းအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းမှ လ်ိုအပ်သည်များပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်ဆက် (ဟင်္သာတ)