အ.ထ.က(ခိုလမ်) ကျောင်း၌လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပ

ခိုလမ်  ဇူလိုင် ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ အ.ထ.က (ခိုလမ်)ကျောင်း၌ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မြတ်ရတနာ ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မြင့်က အဖွင့်အမှာစကားပြောကြားပေးခဲ့သည်။ ထို့နောက် ခိုလမ်မြို့၊ နယ်မြေရဲစခန်း ၊စခန်းမှူး ရဲအုပ်သန်းထွဠ်ဝင်းက လူကုန်ကူးမှု၏ အဓိ ပ္ပာယ်များ၊ လူကုန်ကူးခံရသူများတွင် လူကြီး၊လူငယ်၊အမျိုးဘာသာမရွေး ဖြစ်နိုင်ကြောင်း၊ လူကုန်ကူး သူများမှာလည်း မိမိတို့၏ မိဘ၊ ဆွေးမျိုးသားချင်း စသည်ဖြင့် အမျိုးမျိုး ဖြစ်နိုင်ကြောင်း၊ ကျောင်းသား/ကျောင်းသူများအနေဖြင့်လည်း အခြားသော ကိစ္စများထက် ပညာရေးကိုသာ ဦးစားပေးသင့်ကြောင်းနှင့် "လူကုန်ကူးမှု အန္တရာယ် ဝိုင်းဝန်း ပူးပေါင်းတို့ ကာကွယ်" ဆိုသည့် ဆောင်ပုဒ်နှင့် အညီ မိမိတို့ပတ်ဝန်းကျင် များတွင်လည် လူကုန်ကူးမှု  ပေါ်ပေါက်လာပါက သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ကြောင်း အသိ ပညာပေးဟောပြောခဲ့ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

နေလင်းထွန်း(ပြန်/ဆက်)