ဖျာပုံမြို့၌ ပျားမွေးမြူရေးပြည်သူပညာပေးသင်တန်းဖွင့်

ဖျာပုံဇူလိုင်၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင်ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနနှင့်ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲတို့ပူးပေါင်း၍ ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် ဆန်၊ စပါးကိုအဓိကထား စိုက်ပျိုးလျက်ရှိရာ ဆီရိက္ခာဖူလုံစေရန်အတွက် ဆီထွက်သီးနှံနေကြာများကို စတင်စိုက်ပျိုးလျက်ရှိရာ ဆီထွက်သီးနှံနေကြာအား ပျားများမှတစ်ဆင့်ဝတ်မှုံကူးခြင်းဖြင့် နေကြာစေ့များ အောင်မြင်ဖြစ်ထွန်းစေရန်ရည်ရွယ်၍ ပျားမွေးမြူရေး ပြည်သူပညာပေးသင်တန်းကို ဇူလိုင်လ (၂၄)ရက်နေ့ နံနက် (၉) နာရီခွဲ အချိန်က ဖျာပုံခရိုင်စိုက်ပျိုး‌ရေးဦးစီးဌာနရုံး သင်တန်းခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါပျားမွေးမြူရေး ပြည်သူပညာပေးသင်တန်းတွင် ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးတင်လင်းက အဖွင့်အမှာစကားပြောကြားပြီး၊ ရန်ကုန်တိုင်းဒေသကြီး ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲမှ တာဝန်ခံလက်​ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦးမှ ပျားမွေးမြူရေး ပြည်သူပညာပေးသင်တန်း ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်အား ကဏ္ဍတစ်ခုချင်းအလိုက် ရှင်းလင်းပြောကြားသည်၊၊ အဆိုပါပျားမွေးမြူရေး ပြည်သူပညာပေးသင်တန်းကို ရန်ကုန်ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲမှ သင်တန်းနည်းပြဆရာများမှ ဖျာပုံခရိုင်အတွင်းရှိ (ဖျာပုံ၊ ကျိုက်လတ်၊ ဒေးဒရဲ၊ ဘိုကလေး) မြို့နယ်နှင့် မော်လမြိုင်ကျွန်းမြို့နယ် တို့ မှစိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများနှင့် တောင်သူများပါဝင်သည့် သင်တန်းသား (၃၆) ဦး၊ သင်တန်းသူ (၁၆)ဦး စုစုပေါင်း (၅၂)ဦးတို့ဖြင့် (၂၄-၇-၂၀၂၃)ရက်နေ့မှ (၂၆-၇-၂၀၂၃) ရက်နေ့ထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်

ဖျာပုံခရိုင် (ပြန်/ဆက်)