ပင်းတယမြို့ မြန်မာ့စီးပွားရေးဘဏ်၌ နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေများထုတ်ပေး

ပင်းတယ ဇူလိုင် ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ယနေ့နံနက် ၉ နာရီမှစတင်၍ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ဆက်လက်ထုတ်ပေးလျက်ရှိသည်။

ပင်းတယမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ သက်ပြည့်ပင်စင်နှင့် လုပ်သက်ပြည့်ပင်စင်လစာငွေများအား လစဉ်ပုံမှန် ရုံးဖွင့်ရက်(၂၁) ရက်နေ့မှစတင် ထုတ်ပေးလျက်ရှိပြီး ကျန်ရက်များတွင်လည်း နံနက် ၉ နာရီမှ ဘဏ်ဖွင့်ချိန်အတွင်း လာရောက်ထုတ်ယူနိုင်၍ ပင်စင်လစာငွေများအား  မိမိကိုယ်တိုင်သော်လည်းကောင်း၊ အကြောင်းကြောင်းကြောင့်  ကိုယ်တိုင်လာရောက် ထုတ်ယူနိုင်ခြင်း မရှိသူများ အနေဖြင့် ၎င်းတို့၏ မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားလာရောက် ထုတ်ယူနိုင်ကြောင်းနှင့် ပင်းတယမြို့နယ်အနေဖြင့် လစဉ်ပင်စင်လစာငွေများ ထုတ်ယူသည့် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားစုစုပေါင်း (၆၉၆)ဦးရှိကြောင်း သိရသည်။

အောင်ကိုဦး  (ပြန်/ဆက်)