သတင်းများ

မကွေးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့/အမျိုးရေးရာအဖွဲ့မှ စလင်းမြို့နယ်ရှိ သက်ကြီးဘိုးဘွားများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် မိုခါမုန်တိုင်းသင့် ဒေသခံ ပြည်သူများအား ထောက်ပံ့ငွေများနှင့် အာဟာရများ သွားရောက်ထောက်ပံ့
Jul 23,2023
မကွေးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့/အမျိုးသမီးရေးရာအဖွဲ့ နာယက တိုင်းဒေသကြီးဝန်ကြီးချုပ်ဇနီး ဒေါ်ဝင်းဝင်းမြင့်နှင့် တာဝန်ရှိသူများသည် ဇူလိုင် ၂၁ ရက် နံနက် ၁၀ နာရီအချိန်က မင်းဘူးခရိုင်၊ စလင်းမြို့နယ်သို့သွားရောက်၍ သက်ကြီးဘိုးဘွားများ၊ ကိုယ်ဝန်ဆောင် မိခင်များနှင့် မိုခါမုန်တိုင်းသင့် ဒေသခံပြည်သူများအား ထောက်ပံ့ငွေများနှင့် အာဟာရများကို သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ရေးမြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ ဂိုဏ်းပေါင်းစုံဗဟိုအဆင့်သံဃနာယကနှင့် ဝိနည်းထိုရ်ဆင့်ပွားသင်တန်းကျင်းပ
Jul 23,2023
မွန်ပြည်နယ် ရေးခရိုင် ရေးမြို့နယ်အတွင်းရှိ မြို့နယ်လုံးဆိုင်ရာ ဂိုဏ်းပေါင်းစုံ ဗဟိုအဆင့် သံဃနာယကနှင့် ဝိနည်းထိုရ်ဆင့်ပွားသင်တန်း ကို  ဇူလိုင်လ ၂၂ ရက်နေ့၊ နံနက် (၈)နာရီ တွင် ရေးမြို့ မရမ်းကျောင်းတိုက်၌ စတင်ကျင်းပခဲ့ပါသည်။
ဘူးသီးတောင်မြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဗုဒ္ဓဘာသာအခြေခံယဥ်ကျေးမှုသင်တန်းဖွင့်လှစ်
Jul 23,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူလူငယ်များဗုဒ္ဓဘာသာအခြေခံယဥ်ကျေးမှုသင်တန်းဖွင့်ပွဲကို ဇူလိုင်လ ၂၁ ရက်နေ့ ညနေ(၄)နာရီအချိန်က အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောခြင်းနှင့် ကျောင်းသား/ သူ​လေးများ အားကျန်းမာရေးစစ်ဆေး‌ပေးခြင်းဆောင်ရွက်
Jul 23,2023
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ​ရွှေဘိုမြို့ အမှတ်(၅)အ​ခြေခံပညာအထက်တန်း​ကျောင်းတွင် သွားနှင့်ခံတွင်းကျန်းမာရေး၊ မျက်ခမ်းစပ်​ရောဂါကာကွယ်​ရေးစစ်ဆေးပေးခြင်းနှင့် အသိပညာ​ပေး​ဟော​ပြောပွဲအခမ်းအနားကို ယမန်​နေ့ နံနက်ပိုင်းက​ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။
မဟေသီအမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး ငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ နှစ်ပတ်လည်လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Jul 23,2023
မွန်‌ပြည်နယ်၊ မော်လမြိုင်မြို့တွင် မဟေသီအမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး ငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဌာရေးနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက အသင်းခန်းမ၌ ကျင်းပခဲ့သည်။
မလှိုင်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပ
Jul 23,2023
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသားလူငယ်များ အသိပညာ၊ အတတ်ပညာ၊ အတွေးအခေါ်ပညာများ ပြည့်စုံပြီး စင်မြှင့်အထက်တွင် ပြောဆိုရဲသည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက အခြေခံပညာအထက်တန်း ကျောင်း(မလှိုင်)၊ ဧရာဝတီခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုစပါးပန်းတိုင်အထွက်နှုန်းရရှိရေး မြေဩဇာအချိန်ကိုက် အချိုးညီစနစ်တကျသုံးစွဲခြင်းနှင့် စူပါ EM ဘိုကာရှီ ပြုလုပ်သုံးစွဲခြင်း နည်းပညာပေးသင်တန်းဖွင့်လှစ်
Jul 23,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ်မိုးစပါး ပန်းတိုင်အထွက်နှုန်းရရှိရေး မြေဩဇာအချိန်ကိုက် အချိုးညီစနစ်တကျသုံးစွဲခြင်းနှင့် စူပါ EM ဘိုကာရှီ ပြုလုပ်သုံးစွဲနည်း ပညာပေးသင်တန်းကို ယနေ့မွန်းတည့် ၁၂ နာရီက ကျွန်းလှမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၌ ကျင်းပကြောင်း သိရသည်။
ကျိုက်လတ်၌ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းသရုပ်ပြပွဲပြုလုပ်
Jul 23,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့တွင် စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၇၅) စက်မှုလယ်ယာစခန်းမှ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယမန်နေ့နံနက်(၉)နာရီ အချိန်တွင် လှည်းဆိပ်ကျေးရွာနေ တောင်သူ ဦးအေးသန်း၏ ကွင်းအမှတ်(၉၉-ခ) ဦးပိုင်အမှတ်(၂၀/၁)ရှိ လယ်မြေပေါ်၌ ကျင်းပပြုလုပ်ခဲ့သည်။