ရေး ဇူလိုင် ၂၃
မွန်ပြည်နယ် ရေးခရိုင် ရေးမြို့နယ်အတွင်းရှိ မြို့နယ်လုံးဆိုင်ရာ ဂိုဏ်းပေါင်းစုံ ဗဟိုအဆင့် သံဃနာယကနှင့် ဝိနည်းထိုရ်ဆင့်ပွားသင်တန်း ကို ဇူလိုင်လ ၂၂ ရက်နေ့၊ နံနက် (၈)နာရီ တွင် ရေးမြို့ မရမ်းကျောင်းတိုက်၌ စတင်ကျင်းပခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ မွန်ပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကြီး၊ ရေးမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်မဟာသဒ္ဓမ္မ ဇောတိကတေဇဘဒ္ဒန္တပညာ ဇောတိက(မရမ်းကျောင်းတိုက်ဆရာတော်)နှင့် ရေးမြို့နယ်အတွင်းရှိ မြို့နယ်ရပ်ကွက်နှင့် ကျေးရွာ သံဃနာယကအဖွဲ့များမှ ဆရာတော်များ အပါး(၁၀၀) ကြွရောက်ခဲ့ကြသည်။
အခမ်းအနားကျင်းပနေစဉ်အတွင်း ရေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းမင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့က ကုသိုလ်ပြု တက်ရောက်ခဲ့ကြကြောင်းသိရသည်။
ရေး(ပြန်/ ဆက်)