ကျွန်းလှ ဇူလိုင် ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ်မိုးစပါး ပန်းတိုင်အထွက်နှုန်းရရှိရေး မြေဩဇာအချိန်ကိုက် အချိုးညီစနစ်တကျသုံးစွဲခြင်းနှင့် စူပါ EM ဘိုကာရှီ ပြုလုပ်သုံးစွဲနည်း ပညာပေးသင်တန်းကို ယနေ့မွန်းတည့် ၁၂ နာရီက ကျွန်းလှမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၌ ကျင်းပကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် ကျွန်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမျိုးတင့်ထူးက အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးဒေါ်မြင့်မြင့်ရီက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အကြောင်း ရှင်းလင်းပြောကြားသည်။
“မိုးစပါးတင်း ၁၀၀ အထက်ထွက်ရှိရေးအတွက် မျိုးကောင်းမျိုးသန့်ရွေးချယ်စိုက်ပျိုးရေး၊ သိပ္ပံနည်းကျစိုက်နည်းစနစ် လိုက်နာကျင့်သုံးရေး၊ ပေါင်စနစ်ပျိုးထောင်းခြင်း၊ မြေဩဇာအချိန်ကိုက် အချိုးကျစနစ်တကျအသုံးပြုရေး၊ ပိုးမွှားကျရောက်မှုကင်းစင်ရေးတို့ကို ခရိုင်မြေအသုံးချရေးဌာနခွဲ၊ ဦးစီးအရာရှိဒေါ်တူးတူးမာက ရှင်းလင်းပြောကြားသည်။
ထို့နောက် ကျွန်းလှမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ဝန်ထမ်းများက စူပါ EM ဘိုကာရှီမြေဆွေး ပြုလုပ်ပုံအဆင့်ဆင့်ကို လက်တွေ့ပြသကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စိုက်ကြပ်အဖွဲ့၊ တာဝန်ရှိသူများ၊ အကျိုးဆောင်တောင်သူများက ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ