သတင်းများ

မကွေးမြို့မဟာဝိသုတာရာမကျာင်းတိုက်ရှိ ဆရာတော်ကြီးများအား ဝါဆိုသင်္ကန်းဆက်ကပ်ခြင်း အလှူတော်မင်္ဂလာ ပြုလုပ်
Jul 23,2023
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့မဟာဝိသုတာရာမကျာင်းတိုက်ရှိ ဆရာတော်ကြီး(၉)ပါးတို့အား ဝါဆိုသင်္ကန်းဆက်ကပ်ခြင်း အလှူတော်မင်္ဂလာကို ဇူလိုင်လ ၂၁ ရက်နေ့ နံနက်ပိုင်းက အဆိုပါကျောင်းတိုက်ရှိ သာသနဓာမကသိမ်တော်၌ပြုလုပ်ရာ မဟာဝိသုတာရာမကျာင်းတိုက်၏  ဦးစီးပဓာနနာယကဆရာတော် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဘဒ္ဒန္တတိလောက အမှူးပြုသော ဆရာတော်ကြီးများကြွရောက်တော်မူကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင့်လွင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ကိုကိုဦး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
မြောင်းမြခရိုင် Community Centre ခန်းမတွင် အရွယ်မရောက်သေးသူ ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးရေး အသိပညာပေး နံရံကပ်စာစောင်ပြသ
Jul 23,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်ရှိ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေး အသိပညာပေးနံရံကပ်စာစောင်ပြပွဲကို  ယနေ့နေ့လယ်က ပြသခဲ့သည်။
မြေပုံမြို့၌ နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်ချက်များနှင့်အညီ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများ မြေပြင် ကွင်းဆင်းဆောင်ရွက်
Jul 23,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၌ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များနှင့်အညီ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ ဦးခိုင်လင်းနိုင် ဦးဆောင်သော သက်ဆိုင်ရာတာဝန်ရှိသူများအဖွဲ့သည်
မွန်ပြည်နယ် ၀န်ကြီးချုပ် ဦးအောင်ကြည်သိန်း  (၁၃)ကြိမ်မြောက် မွန်ပြည်နယ်အစိုးရအဖွဲ့ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားနှင့် အသက်(၄၀)အထက် ပြည်နယ်အစိုးရအဖွဲ့နှင့် ကျန်းမားရေးဝန်ထမ်းများအား ရာသီတုပ်ကွေးရောဂါကာကွယ်ဆေးထိုးနှံခြင်း အခမ်းအနားတက်ရောက်
Jul 23,2023
မွန်ပြည်နယ်အစိုးရအဖွဲ့ မှကြီးမှူးကျင်းပသည့် (၁၃) ကြိမ်မြောက် စုပေါင်းဝါဆို သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ် အစိုးရအဖွဲ့ရုံး ခန်းမ၌ ကျင်းပပြုလုပ်ရာ
စပါးခွံလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစက်ရုံ (Gasifire Power Plant) ထုတ်လုပ်ပုံအဆင့်ဆင့် ရှင်းလင်းပြောကြားခြင်းအခမ်းအနား ဒိုက်ဦးမြို့၌ ကျင်းပ
Jul 23,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့၊ အောင်စိုးမိုးကျေးရွာ ရဲထွန်း ဆန်စက်၊ ဆီစက်လုပ်ငန်းရှင် ဦးရဲမြင့်၏ လုပ်ငန်းခွင်၌ ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က စပါးခွံလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစက်ရုံ (Gasifire Power Plant) ထုတ်လုပ်ပုံအဆင့်ဆင့် ရှင်းလင်းပြောကြားခြင်းအခမ်းအနား ကျင်းပပြုလုပ်‌ကြောင်း သိရသည်။
မင်းဘူးမြို့ နမ္မဒါ ဘိုးဘွားရိပ်သာတွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်
Jul 23,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ နမ္မဒါဘိုးဘွားရိပ်သာတွင် နံနက် ၇ နာရီနာရီခွဲ အချိန်က ဌာနပေါင်းစုံ စုပေါင်း သန့်ရှင်းရေးပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
မွန်ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Jul 23,2023
မွန်ပြည်နယ် မော်လမြိုင်မြို့တွင် အမျိုးသမီးဘဝဖွံ့ဖြိုးဖို့ ဝိုင်းဝန်းဆောင်ရွက်စို့ ဆောင်ပုဒ်နှင့်အညီ အမျိုးသမီးများ၏ ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ချမှတ်ထားသော ရှေ့လုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ ၂၁ ရက်နေ့ နေ့လယ်ပိုင်းက ပြည်နယ်အမျိုးသမီး ရေးရာအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
တနင်္သာရီတိုင်း‌ဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို မြိတ်မြို့နယ်ဒေသဝမ်းစာဖူလုံရေးနှင့် လယ်ယာလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းဆောင်ရွက်
Jul 23,2023
တနင်္သာရီတိုင်း‌ဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုသည် တိုင်းဒေသကြီးတရားလွတ်တော် တရားသူကြီးချုပ်ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဇူလိုင်(၂၂)ရက်နံနက်ပိုင်းက ဒေသဝမ်းစာဖူလုံရေးနှင့် လယ်ယာလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာအုပ်စု၊ ကျွဲကူးကျေးရွာစိုက်ပျိုးနည်းပညာပြန့်ပွားရေးစင်တာတွင် သဘာဝမြေဩဇာထောက်ပံ့ပေးအပ်ပွဲနှင့် သဘာဝမြေဩဇာနှင့် ဓါတ်မြေဩဇာအချိန်ကိုက်အချိုးကျ အသုံးပြုနည်း ကွင်းသရုပ်ပြခြင်းနှင့် တိရိစ္ဆာန်စွန့်ပစ်ပစ္စည်းမှ သဘာဝမြေဆွေးပုံပြုလုပ်ခြင်း ကွင်းသရုပ်ပြပွဲသို့ တက်ရောက်ခဲ့ကြသည်။