ရွှေဘို ဇူလိုင် ၂၃
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရွှေဘိုမြို့ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းတွင် သွားနှင့်ခံတွင်းကျန်းမာရေး၊ မျက်ခမ်းစပ်ရောဂါကာကွယ်ရေးစစ်ဆေးပေးခြင်းနှင့် အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းကဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်ပြည်သူ့ကျန်းမာဦးစီးဌာနမှတာဝန်ရှိသူများက ကျောင်းသား/ သူလေးများအားသွားနှင့်ခံတွင်း ကျန်းမာရေးအတွက် အသိပညာပေးဟောပြောခြင်း၊ကျန်းမာရေးစစ်ဆေးပေးခြင်း သွားနှင့်ခံတွင်း၊မျက်ခမ်းစပ် ရောဂါကာကွယ်ရေးအတွက်စစ်ဆေးပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ခြင်းများကို မြို့နယ်ပြည်သူ့ကျန်းမာဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဝင်များ၊ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများက ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ ဆက်)