မဟေသီအမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး ငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ နှစ်ပတ်လည်လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

မော်လမြိုင် ဇူလိုင် ၂၃

မွန်‌ပြည်နယ်၊ မော်လမြိုင်မြို့တွင် မဟေသီအမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး ငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဌာရေးနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက အသင်းခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မဟေသီအမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး ငွေစုငွေချေးသမဝါယမအသင်းဥက္ကဋ္ဌဒေါ်မြင့်မြင့်သန်းက သဘာပတိအဖြစ်ဆောင်ရွက်ခဲ့ပြီး မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိဒေါ်ဝေဝေကေခိုင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ အမှုဆောင်အဖွဲ့လုပ်ငန်းအစီရင်ခံစာများ၊ ရှေ့လုပ်ငန်းစဉ်များ၊ အမြတ်ခွဲဝေမှုစာရင်းများ၊ ရင်းနှီးမြှပ်နှံမှုလုပ်ငန်းအစီရင်ခံစာများ၊ အသင်းစာရင်းစစ်အစီရင်ခံစာများအား အသင်းအတွင်းရေးမှူး၊ အမှုဆောင်နှင့် အသင်းတာဝန်ရှိသူများက အသီးသီးဖတ်ကြားရှင်းလင်းခဲ့ပြီး သဘောတူညီချက်ရယူ၍ အတည်ပြုကြောင်း ဖတ်ကြားခဲ့သည်။

ထိုနောက် မဟေသီအမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးငွေစုငွေချေးသမဝါယမအသင်းသားများထံသို့ အစုငွေအပေါ် ချီးမြှင့်ငွေကျပ် (၂၆၄၈၄၀၀/-)နှင့် စုဆောင်းငွေအပေါ်အတိုးငွေကျပ် (၅၃၈၀၁၁၃/-)တို့ကို ထုတ်ပေးခဲ့ကြောင်း သိရှိရသည်။

မြို့နယ်ပြန်/ဆက်