မြောင်းမြခရိုင် Community Centre ခန်းမတွင် အရွယ်မရောက်သေးသူ ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးရေး အသိပညာပေး နံရံကပ်စာစောင်ပြသ

မြောင်းမြ ဇူလိုင် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်ရှိ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေး အသိပညာပေးနံရံကပ်စာစောင်ပြပွဲကို  ယနေ့နေ့လယ်က ပြသခဲ့သည်။

အဆိုပါ အသိပညာပေး နံရံကပ်စာစောင်တွင် အသက်အရွယ် မရောက်သေးသည့် ကလေးသူငယ်များအား စစ်မှုထမ်းစေခြင်းနှင့် စပ်လျဥ်း၍ မြန်မာနိုင်ငံ၏ ဆောင်ရွက်ချက်များ၊  ILO ၏ ထုတ်ပြန်ချက်များ၊ စစ်မှုထမ်းခြင်းမှ ထိန်းသိမ်းကြီးကြပ်မှု၊ ကြိုတင်ကာကွယ်မှု၊ အသိ ပညာတိုးမြှင့်ပေးခြင်း၊ သင်တန်းများပေးခြင်း၊  ကလေးများအတွက် အကောင်းဆုံးအကျိုးစီးပွားဖြစ်စေမည့် ကျင့်သုံးရမည့် အ​ခြေခံမူစနစ်များ အစရှိသည့် အသိပညာရရှိစေမည့် နံရံကပ်စာစောင်များ၊ ဆောင်းပါးများ၊  အသိပညာပေး ဓာတ်ပုံများ ပြသထားရှိရာ  စာငှားပရိသတ်များက စိတ်စားစွာ ကြည့်ရှုလေ့လာကြကြောင်း သိရသည်။

ခရိုင် (ပြန်/ ဆက်)