သတင်းများ

ညောင်တုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ စာဖတ်ဝိုင်းကျင်းပ
Jul 24,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာရေးဆရာ ဒေါက်တာခင်မောင်ညိုရေးသားသော “လူငယ်နှင့် အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း” စာအုပ်ဖြင့် ယမန်နေ့  မွန်းလွဲ ၂နာရီ အချိန်က စာဖတ်ဝိုင်း‌ ပြုလုပ်ကျင်းပခဲ့သည်။
ပလင်းကမ်းသာယာဆင်စခန်းရှိ ဆင်များအား ကိုဗစ်-၁၉ ကူးစက်ရောဂါကာလအတွင်း Online မှတဆင့် ဆက်သွယ်၍ ဆင်စာဘူဖေးကျွေးမှု (၇၄၅)ကြိမ် ရှိလာ
Jul 24,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် မြင်းခြံ-ပခုက္ကူကားလမ်းမကြီးဘေး၊ အ‌နောက်ပုလင်းကျေးရွာအနီး ဧရာဝတီမြစ်ကမ်းဘေးတွင် ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာ ယာဆင်စခန်း၌ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း မြန်မာပြည်အရပ်ရပ်မှ ဆင်ချစ်သူများက Onlineမှ တဆင့် ဆက်သွယ်၍ ဆင်စာဘူဖေးကျွေးမှုများ များပြားလာလျက်ရှိရာ ဆင်စာဘူဖေးကျွေးမှု (၇၄၅)ကြိမ်ရှိလာပြီဖြစ်ကြောင်း ပလင်းကမ်းသာယာဆင်စခန်းတာဝန်ရှိသူများထံက သိရသည်။
မိုင်းဆတ်မြို့၌ စာဖတ်ဝိုင်းကျင်းပ
Jul 24,2023
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယမန်နေ့ညနေ (၃)နာရီက စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ) ရေးထားသော “အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဗိုလ်မှူးချုပ်ဝင်းကိုကိုတီးတိန်မြို့ထေရဝါဒဗုဒ္ဓသာသနာပြု (ဗဟို)ကျောင်း၌ ဆန်၊ ဆီ၊ ဆား ဆက်ကပ်လှူန်ဒါန်း
Jul 24,2023
ချင်းပြည်နယ်၊ တီးတိန်ခရိုင် တီးတိန်မြို့နယ် သဘာဝဘေးပြန်လည်ထူထောင်ရေးတာဝန်ခံ ဗိုလ်မှူးချုပ်ဝင်းကိုကိုသည် တီးတိန်မြို့ ထေရဝါဒဗုဒ္ဓသာသနာပြု (ဗဟို)ကျောင်း၌ ဆန်၊ ဆီ၊ ဆားများ ဇူလိုင်လ ၂၂ရက်နေ့ နေ့လယ်၁၁နာရီက ဆက်ကပ်လှူဒါန်းခဲ့သည်။
စဉ့်ကိုင်မြို့နယ်၌ တက္ကသိုလ်၀င်စာမေးပွဲတွင် (၆)ဘာသာဂုဏ်ထူးရရှိခဲ့သူများအား ဆုချီးမြှင့်ပွဲ ကျင်းပ
Jul 24,2023
ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေးအတွက် လိုအပ်သည့်လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်နိုင်ရန် ဘက်စုံပညာ​ရေးကဏ္ဍမြှင့်တင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်ရန်အောင်မြင်ရပ်ကွက်ရှိ မြို့နယ်ကြက်ခြေနီ အသင်းခွဲရုံး၌ ယမန်နေ့နံနက်(၁၀)နာရီက ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းမှတ် စာစီစာကုံးပြိုင်ပွဲတွင် ဒုတိယဆုနှင့် တက္ကသိုလ်၀င်စာမေးပွဲတွင် (၆)ဘာသာဂုဏ်ထူးရရှိခဲ့သူအား ဆုချီးမြှင့်ပွဲကျင်းပခဲ့ကြောင်း သိရသည်။
မြောင်းမြမြို့ ပညာရေးဒီဂရီကောလိပ်တွင် ယာဥ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ
Jul 24,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် မြောင်းမြမြို့တွင် ယာဥ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းရေးအတွက် အသိပညာပေး ဟောပြောပွဲကို  ယမန်နေ့နေ့လယ် ၁:၀၀ အချိန်က မြောင်းမြပညာရေးဒီဂရီကောလိပ်၊ မြရတုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပွင့်ဖြူမြို့နယ်၌ ဒေသခံပြည်သူများ သက်သာသောဈေးနှုန်းဖြင့် သား/ငါး ဝယ်ယူစားသုံးနိုင်ရန် ဈေးနှုန်းသတ်မှတ်ရောင်းချပေး
Jul 24,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ ပွင့်ဖြူမြို့မဈေး အပါအဝင် ကျေးလက်စည်ပင်သာယာဈေး(၄)ခုတွင် ဒေသခံပြည်သူလူထု သား/ငါး ဝယ်ယူစားသုံးရာ၌ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ယမန်နေ့နံနက်ပိုင်းကစပြီး ဈေးနှုန်း များ သတ်မှတ်ရောင်းချပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်ထံမှ သိရသည်။
ပန်းတနော်မြို့နယ်၌ ကျောင်းသား/သူ လူငယ်လူရွယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်း ကျင်းပ
Jul 24,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ကျောင်းသား/သူ လူငယ်လူရွယ်များ ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းကို  ယမန်နေ့နံနက် ၉ နာရီက အင်းမကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။