မော်လမြိုင် ဇူလိုင် ၂၃
မွန်ပြည်နယ် မော်လမြိုင်မြို့တွင် အမျိုးသမီးဘဝဖွံ့ဖြိုးဖို့ ဝိုင်းဝန်းဆောင်ရွက်စို့ ဆောင်ပုဒ်နှင့်အညီ အမျိုးသမီးများ၏ ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ချမှတ်ထားသော ရှေ့လုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ ၂၁ ရက်နေ့ နေ့လယ်ပိုင်းက ပြည်နယ်အမျိုးသမီး ရေးရာအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မွန်ပြည်နယ် အမျိုးသမီး ရေးရာကော်မတီဥက္ကဋ္ဌ ဒေါ်စန်းစန်းမိုးက အဖွင့်အမှာစကား ပြောကြားပြီး အတွင်းရေးမှူး ဒေါ်မြသန်းက ဆက်လက်ဆောင်ရွက်ကြရမည့် ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသော ခရိုင်/ မြို့နယ် အမျိုးသမီးရေးရာဉက္ကဋ္ဌများက မိမိတို့ခရိုင်/ မြို့နယ်များအလိုက် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းပြီးစီးမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များကို တင်ပြ ဆွေးနွေးခဲ့ကြရာ ပြည်နယ်အမျိုးသမီး ရေးရာကော်မတီဥက္ကဋ္ဌက လိုအပ်သည်များကို ဖြည့်စွက်မှာကြားပြီး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ ဆက်)