မြေပုံမြို့၌ နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်ချက်များနှင့်အညီ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများ မြေပြင် ကွင်းဆင်းဆောင်ရွက်

မြေပုံ ဇူလိုင် ၂၃

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၌ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များနှင့်အညီ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ ဦးခိုင်လင်းနိုင် ဦးဆောင်သော သက်ဆိုင်ရာတာဝန်ရှိသူများအဖွဲ့သည် ယနေ့နံနက်(၁၁)နာရီ အချိန်က ကံသာထွက်ဝရပ်ကွက်၊ မြို့မကွင်း၊ ကွင်းအမှတ်(၃၉)၊ မျိုးစေ့ထုတ်အဆင့် (RS-CS)၊ ဆင်းသုခစပါး၊ ပျိုးဘောင်စနစ်ဖြင့် ပျိုးထောင်ထားရှိမှုအား တောင်သူများသို့ မြေပြင်ကွင်းဆင်း သရုပ်ပြဆောင်ရွက်သည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ ဦးခိုင်လင်းနိုင်က တောင်သူများအား လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် ရာနှုန်းပြည့်စိုက်ပျိုးနိုင်ခြင်းနှင့် အထွက်နှုန်းကောင်းမျိုးစပါး ရွေးချယ်စိုက်ပျိုးနိုင်ခြင်းကို အလေးထားဆောင်ရွက်ရန်မှာကြားသည်။ ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးထွန်းအေးခိုင်က ဒေသနှင့်ကိုက်ညီသော အထွက်ကောင်းမျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးရန်နှင့် ပျိုးဘောင်စနစ်ဖြင့် ပျိုးထောင်စိုက်ပျိုးနည်းစနစ်များအား ရှင်းလင်းပြောကြားကာ တက်ရောက်လာသော တောင်သူများက စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးစပါး ဘောင်ပျိုးစနစ် ပျိုးခင်းပျိုးထောင်ထားရှိမှုကို ကြည့်ရှု ကြကာ သိရှိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေးကြကြောင်းသိရသည်။

မြို့နယ် (ပြန်/ ဆက်)