မကွေးမြို့မဟာဝိသုတာရာမကျာင်းတိုက်ရှိ ဆရာတော်ကြီးများအား ဝါဆိုသင်္ကန်းဆက်ကပ်ခြင်း အလှူတော်မင်္ဂလာ ပြုလုပ်

မကွေး     ဇူလိုင်     ၂၃

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့မဟာဝိသုတာရာမကျာင်းတိုက်ရှိ ဆရာတော်ကြီး(၉)ပါးတို့အား ဝါဆိုသင်္ကန်းဆက်ကပ်ခြင်း အလှူတော်မင်္ဂလာကို ဇူလိုင်လ ၂၁ ရက်နေ့ နံနက်ပိုင်းက အဆိုပါကျောင်းတိုက်ရှိ သာသနဓာမကသိမ်တော်၌ပြုလုပ်ရာ မဟာဝိသုတာရာမကျာင်းတိုက်၏  ဦးစီးပဓာနနာယကဆရာတော် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဘဒ္ဒန္တတိလောက အမှူးပြုသော ဆရာတော်ကြီးများကြွရောက်တော်မူကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင့်လွင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ကိုကိုဦး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ တက်ရောက်လာကြသူများက မဟာဝိသုတာရာမကျာင်းတိုက်၏ ဦးစီးပဓာန နာယက ဆရာတော် ဘဒ္ဒန္တတိလောကထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်ကြီးများအား တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် မကွေးမြို့ မဟာဝိသုတာရာမကျာင်းတိုက်၏ နာယကဆရာတော်ဦးတေဇိန္ဒထံမှ ရေစက်ချအနုမောဒနာတရားနာကြားပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သိရှိရသည်။

မောင်ညီညာ