စပါးခွံလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစက်ရုံ (Gasifire Power Plant) ထုတ်လုပ်ပုံအဆင့်ဆင့် ရှင်းလင်းပြောကြားခြင်းအခမ်းအနား ဒိုက်ဦးမြို့၌ ကျင်းပ

ဒိုက်ဦး ဇူလိုင် ၂၂

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့၊ အောင်စိုးမိုးကျေးရွာ ရဲထွန်း ဆန်စက်၊ ဆီစက်လုပ်ငန်းရှင် ဦးရဲမြင့်၏ လုပ်ငန်းခွင်၌ ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က စပါးခွံလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစက်ရုံ (Gasifire Power Plant) ထုတ်လုပ်ပုံအဆင့်ဆင့် ရှင်းလင်းပြောကြားခြင်းအခမ်းအနား ကျင်းပပြုလုပ်‌ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် ဒိုက်ဦးမြို့ ရဲထွန်း ဆန်စက်၊ ဆီစက်လုပ်ငန်းရှင် ဦးရဲမြင့် ကစပါးခွံလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစက်ရုံ (Gasifire Power Plant) ထုတ်လုပ်ပုံအဆင့်ဆင့်အား ရှင်းလင်းပြောကြားပြီး‌နောက် ဆန်စက်၊ ဆီစက်၊ စပါးအခြောက်ခံစက်လုပ်ငန်းများအား စပါးခွံစွန့်ပစ်ပစ္စည်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစက်ရုံဖြင့် ဆောင်ရွက်နေမှု အခြေအနေများ၊ ဆီစက်၊ ဆန်စက်၊ စပါးအခြောက်ခံစက်လည်ပတ်နေမှု၊ စပါးခွံလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစက်ရုံ (Gasifire Power Plant) ထုတ်လုပ်၍ ကျေးလက်ဒေသများအထိ လျှပ်စစ်မီးနှင့်ဆန်စက်ငယ်များ စသည့် အိမ်တွင်းစက်မှုလုပ်ငန်းများသုံးစွဲနိုင်ရေး ဆောင်ရွက်ပါက ပြည်ပပို့ကုန်အဖြစ်လည်း ဈေးကွက်ရရှိနိုင်ကြောင်း၊ လျှပ်စစ်မီးမရရှိသေးသည့် ကျေးရွာများအာ လျှပ်စစ်မီးရရှိသုံးစွဲနိုင်‌ကြောင်း ရှင်းလင်းပြောကြားပြီး ယင်းအခမ်းအနားသို့ တက်ရောက်လာကြသူများအား ဦးရဲမြင့်က (Gasifire Power Plant) ထုတ်လုပ်ပုံအဆင့်ဆင့်ကို လက်တွေ့ရှင်းလင်းပြသ‌ပေးခဲ့ကြောင်း သိရသည်။

ထို့နောက်အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆန်းဦးနှင့် အဖွဲ့ဝင်များ၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးမျိုးမြင့်နှင့် ဖိတ်ကြားထားသော ဆန်စက်လုပ်ငန်းရှင်များ တက်ရောက်ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)