မင်းဘူးမြို့ နမ္မဒါ ဘိုးဘွားရိပ်သာတွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်

မင်းဘူး  ဇူလိုင် ၂၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ နမ္မဒါဘိုးဘွားရိပ်သာတွင် နံနက် ၇ နာရီနာရီခွဲ အချိန်က ဌာနပေါင်းစုံ စုပေါင်း သန့်ရှင်းရေးပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။ ထိုသို့ ပြုလုပ်ဆောင်ရွက်ရာတွင် မင်းဘူးခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ အဖွဲ့ဝင် (၁) ဒုတိယ ဗိုလ်မှူးကြီးတင့်ကျော်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်စွာထွန်းနှင့် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင်တို့က ကြည့်ရှုအားပေးကာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ယာဉ်ထိန်းတပ်ဖွဲ့၊ ခရိုင်နှင့် မြို့နယ်မှ ရဲတပ်ဖွဲ့၊ နယ်မြေခံ တပ်ရင်း၊ တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့မိ မြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အရံမီးသတ်တပ်ဖွဲ့ဝင်များ စုစုပေါင်းအင်အား ၁၅၀ ကျော်ဖြင့် သန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ အမှိုက်သရိုက်နှင့် ချုံနွယ်ပိတ်ပေါင်း ရှင်းလင်းကာ မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာ လှပစေရေးတို့အတွက် ဆောင်ရွက်ခြင်းကို မင်းဘူး(စကု)မြို့နယ် စကုမြို့ မြို့ဝင်ဆိုင်းဘုတ် ဝဲယာနှင့် ဘုရား၊ ကျောင်း၊ ကန်၊ ဇရပ်တန်ဆောင်းများ၊ သာသနိကအဆောက်အအုံများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်ကျောင်းများအပြင် လမ်းဘေးဝဲယာရှိ အမှိုက်များ ရှင်းလင်းခြင်းနှင့် ရေနုတ်မြောင်းများ တူးဖော် ရှင်းလင်းခြင်းတို့ကို အပတ်စဉ် စနေနေ့တိုင်း ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇေယျာထက် (ပြန်/ ဆက်)