သတင်းများ

မာန်အောင်မြို့ မြို့မကျောင်းကြီးဦးစီးပဓာနနာယက လွန်တော်မူဆရာတော် (ဘဒ္ဒန္တဣဿရိယ)၏ (၁)နှစ်ပြည့်အထိမ်းအမှတ်ကုသိုလ်ကောင်းမှုအလှူတော်မင်္ဂလာပွဲကျင်းပ
Jul 27,2023
ရခိုင်ပြည်နယ် မာန်အောင်မြို့  မြို့မကျောင်းကြီး၏ ဦးစီးပဓာန နာယက၊ အနန္တဂိုဏ်းဝင်ကျေးဇူးရှင် လွန်တော်မူဆရာတော်ကြီး(ဘဒ္ဒဣဿရိယ)၏ (၁)နှစ်ပြည့်အထိမ်းအမှတ် ကုသိုလ်ကောင်းမှုအလှူတော်မင်္ဂလာပွဲအခမ်းအနားကို ယနေ့နံနက်၈နာရီခွဲက အဆိုပါ ကျောင်း ၌ကျင်းပခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (၃/၂၀၂၃)ကြိမ်မြောက် အစည်းအဝေးကျင်းပ
Jul 27,2023
ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (၃/၂၀၂၃)ကြိမ်မြောက် အစည်းအဝေးအား တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ယမန်နေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။
ကိုကိုးကျွန်း၌ သွေးလွန်တုတ်ကွေးကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပ
Jul 27,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကိုကိုးကျွန်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန Community Centre တွင်ယမန်နေ့နံနက် ၁၀ နာရီတွင် သွေးလွန်တုန်ကွေးရောဂါ သိကောင်းစရာ Talk Show ကျင်းပခဲ့သည်။
တနင်္သာရီမြို့နယ်၌ မြို့နယ်အဆင့်မြစိမ်းရောင်ကျေးရွာစီမံကိန်းကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
Jul 27,2023
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းကျေးရွာ(၁၇)ရွာ၏ (၁၇)ယူနစ်နှင့် ပတ်သက်၍ မြို့နယ်အဆင့်မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမအတွင်းပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သက်ထူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးယာယီရဲမှူးမင်းအောင်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ္တမြို့နယ်ဦးစီးမှူး ဒေါ်သူဇာမိုးနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့်မြစိမ်းရောင်ကျေးရွာ စီမံကိန်းကော်မတီဝင်များ တက်ရောက်ကြသည်။
မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ် သူနာပြုတက္ကသိုလ်၌ မြန်မာနိုင်ငံ မူးယစ်‌ဆေးဝါး ဆန့်ကျင်ရေးအသင်းမှ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး စကားဝိုင်းကျင်းပ
Jul 27,2023
မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်၌ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း (မန္တလေးတိုင်းဒေသကြီး)နှင့် သူနာပြုတက္ကသိုလ်တို့ ပူးပေါင်းဆောင်ရွက်သော မူးယစ်ဆေးဝါး အန္တရာယ် အသိပညာ‌ပေးစကားဝိုင်းကို ယနေ့မွန်းလွဲပိုင်းကကျင်းပခဲ့သည်။
လပွတ္တာမြို့နယ်၌ ကြက်ဥ၊ ဘဲဥများ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး
Jul 27,2023
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် စီမံအုပ်ချုပ်ရေးမအဖွဲ့ကြီးကြပ်မှူး လပွတ္တာခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကြက်၊ ဘဲ မွေးမြူထုတ်လုပ်သူများမှ သတ်သာသောဈေးနှုန်းဖြင့် ပြည်သူများသို့တိုက်ရိုက် ကြက်ဥ၊ ဘဲဥများကို ယနေ့နံနက်ပိုင်းမှစတင်၍ ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးရှေ့၌ ရောင်းချပေးခဲ့သည်။
အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း (ကျောက်ပန်းတောင်း) တွင် Transforming Youth Skills Forth Future ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းကျင်းပ
Jul 27,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း (ကျောက်ပန်းတောင်း)တို့ ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီက Transforming Youth Skills Forth Future ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းကို အဆိုပါကျောင်းရှိ ပုံဆွဲခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
လယ်ဝေးမြို့၊ အ.ထ.က(၂)တွင် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး(မူလတန်း၊ အလယ်တန်း) ပညာပေး သင်ခန်းစာများပို့ချ
Jul 27,2023
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသည့်  အခြေခံပညာမူလတန်းနှင့် အလယ်တန်း ကျောင်းသားကျောင်းသူများအား ဖြောင့်မတ်တည် ကြည်မှုမြှင့်တင်ရေး ပညာပေးသင်ခန်းစာများ ပို့ချခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက လယ်ဝေးမြို့၊ အမှတ်၂ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။