လပွတ္တာ ဇူလိုင် ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် စီမံအုပ်ချုပ်ရေးမအဖွဲ့ကြီးကြပ်မှူး လပွတ္တာခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကြက်၊ ဘဲ မွေးမြူထုတ်လုပ်သူများမှ သတ်သာသောဈေးနှုန်းဖြင့် ပြည်သူများသို့တိုက်ရိုက် ကြက်ဥ၊ ဘဲဥများကို ယနေ့နံနက်ပိုင်းမှစတင်၍ ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးရှေ့၌ ရောင်းချပေးခဲ့သည်။
အဆိုပါ ကုန်ဈေးနှုန်းတည်ငြိမ်းရေးနှင့် ပြည်သူများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် ကြက်ဥတစ်လုံးလျှင် (၂၄၀ကျပ်၊ ဘဲဥတစ်လုံးလျှင်(၂၉၀)ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ပြီး လပွတ္တာခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကြာသပတေးနေ့ တိုင်းရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လပွတ္တာခရိုင်(ပြန်/ဆက်)