ကိုကိုးကျွန်း၌ သွေးလွန်တုတ်ကွေးကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပ

ကိုကိုးကျွန်း ဇူလိုင် ၂၇

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကိုကိုးကျွန်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန Community Centre တွင်ယမန်နေ့နံနက် ၁၀ နာရီတွင် သွေးလွန်တုန်ကွေးရောဂါ သိကောင်းစရာ Talk Show ကျင်းပခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်ဦးစီးအရာရှိဦးထွန်းထွန်းဇော်၊ ဒုတိယ ဦးစီးမှူး ဒေါ်အေးမြင့်သူရုပ်သံ ၃ ဦး​ကျော်စွာဝင်းတို့က သွေးလွန်တုတ်ကွေး ရောဂါဖြစ်ပွားပုံအဆင့်ဆင့်၊ ကာကွယ်ကုသရန် အရေးကြီးပုံ၊ အခြေခံပညာကျောင်းများ ရပ်ကွက်များအတွင်း ဌာနတာဝန်ရှိအဖွဲ့များပူးပေါင်း၍ ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်ရန်နှင့် အသိပညာပေးလုပ်ငန်းများအား အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကိုကိုးကျွန်း (ပြန်/ ဆက်)