လယ်ဝေးမြို့၊ အ.ထ.က(၂)တွင် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး(မူလတန်း၊ အလယ်တန်း) ပညာပေး သင်ခန်းစာများပို့ချ

လယ်ဝေး ဇူလိုင် ၂၇

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသည့်  အခြေခံပညာမူလတန်းနှင့် အလယ်တန်း ကျောင်းသားကျောင်းသူများအား ဖြောင့်မတ်တည် ကြည်မှုမြှင့်တင်ရေး ပညာပေးသင်ခန်းစာများ ပို့ချခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက လယ်ဝေးမြို့၊ အမှတ်၂ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးလင်းက အဖွင့်အမှာစကား ပြောကြားပြီး အ.ထ.က (၂) ကျောင်းအုပ်ဆရာကြီး ဦးသန်း​​‌ကျော်ထွန်းထံသို့  ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးဆိုင်ရာ  အခြေခံပညာအလယ်တန်းအဆင့် (ဆရာကိုင်) စာအုပ်၊  ကော်မရှင်မှထုတ်ဝေခဲ့သည့် လက်ကမ်းစာစောင် ၃ မျိုးနှင့်  ကော်မရှင်အမှတ်တံဆိပ်ပါ လက်ဆောင်ပစ္စည်းများအား  ပေးအပ်သည်။

ဆက်လက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ  ဖြောင့်မတ်တည်ကြည်မှု မြှင့်တင် ရေးဆိုင်ရာ သီချင်းနှင့် ရုပ်ပြ၊ ပညာပေးဇာတ်လမ်းတိုများဖြင့် အသိပညာပေး ပြသခဲ့ကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက်)